Featured post

ပျော်ပျော်နေ သေခဲ ဒါမှမဟုတ် အဗြဟ္မစရိယ



(သီချင်းကို နားထောင်ဖြစ်အောင် နားထောင်ပါ) 

တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ ပျင်းနေရင် ဘလော့လာရေးဖို့ သူက အကြံပေးပါတယ်။ ဘာအကြောင်းရေးရင်ကောင်းမလဲဆိုတော့ ကပ်စေးနှဲတဲ့အကြောင်းနဲ့ ကောင်လေး လိုချင်တဲ့အကြောင်း ရေးတဲ့လေ (စာအတည်ရေးတော့မယ် ဆီက ကျွန်မ social mediaကို လာfollowလုပ်ရင် အပေါ်က ပေါက်တတ်ကရအကြောင်းတွေပဲ သိရမယ်လို့ ထည့်ရေးထားတာကို ဆိုလိုချင်ပုံ ပေါက်ပါတယ်)


ကျွန်မကလည်း ဘယ်ရမလဲ။ "စိန်လိုက်လေ" ဆိုပြီး ဒီမှာ လာရေးတာပေါ့😂😂 ကပ်စေးနှဲတဲ့အကြောင်းတော့ ပြီးပါပြီ။ ကျန်တာက နောက်တစ်ခု ဖြစ်ပါတယ်။

🤔ဘယ်က စပြောရမလဲ

အစကနေပဲ ပြောတာပေါ့🤓


Relationshipတွေနဲ့ ပတ်သက်ရင် ကျွန်မမှာ စည်းကမ်းတစ်ခုပဲ ရှိပါတယ်။ "အားလုံး ပျော်ရမယ်" ဆိုတာပါ။ ဒီနေရာမှာ relationshipဆိုတာ ဟိုလို ရည်းစားတင်မကဘဲ သူငယ်ချင်း၊ မိဘ၊ လုပ်ဖော်ကိုင်ဖက် ပတ်သက်သူအားလုံးနဲ့ ဆက်ဆံရေးကို ပြောတာပါ။ ကျွန်မနဲ့ နေရင်၊ ကျွန်မရဲ့ လူမှုစက်ဝန်းထဲ ရောက်လာပြီဆိုရင် ကျွန်မကြောင့် စိတ်ညစ်တာမျိုး မရှိရဘူး၊ ပျော်ရွှင်ရမယ်။ အလားတူပဲ ကျွန်မကလည်း အဲဒီသူနဲ့ ပတ်သက်ရတဲ့အတွက် ပျော်ရွှင်မှုတစ်ခု ခံစားရမယ်။ တစ်ဖက်စောင်းနင်း အနစ်နာခံနေရတာ၊ အလျှော့ပေးနေရတာ၊ ဘာညာ ဘာညာတွေကို မလိုပါဘူး။ လူတွေ ချစ်တယ်ဆိုတာ ဘာလို့လဲ။ ပျော်ရွှင်မှု အဓိပ္ပာယ်ပြည့်ဝမှုကို ရှာဖွေချင်လို့ မဟုတ်ဘူးလား။ စိတ်ဆင်းရဲကြဖို့ကို မျှော်လင့်ပြီး ချစ်ကြမယ်ဆိုမှတော့ ဘာလို့ လူဝတ်ကြောင်နဲ့ နေဦးမှာလဲ။ ခေါင်းတုံးပြီး ဘုန်းကြီးပဲ ဝတ်တော့မှာပေါ့။ မဟုတ်ဘူးလား. . .


တကယ်လို့ မပျော်ဘူးဆိုတဲ့ အခြေအနေတွေအတွက် ကျွန်မလက်ကိုင်ထားတဲ့ ဆောင်ပုဒ်က "ဂျောင်းတော်မူ" ဖြစ်ပါတယ်။

 နှစ်ဦးနှစ်ဖက်ထဲက တစ်ဖက်က စိတ်မပျော်တော့ဘူး၊ ပြဿနာဖြစ်တော့မယ်ဆိုတာနဲ့ အကုန် လွှတ်ချပစ်ပါတယ်။ ဒါကြောင့်ပဲလို့တော့ထင်ရဲ့။ ကျွန်မသမိုင်းကြောင်းမှာ "ဘယ်exကြောင့်ဖြင့် ဘယ်လို စိတ်ဆင်းရဲခဲ့ရတာကို မနည်းကုစားလိုက်ရတယ်" တို့၊ "ကျွန်မကသာ ခင်ရတာပါ၊ ကျွန်မသူငယ်ချင်းတွေကတော့ ကျွန်မကို မခင်ကြပါဘူး။ သူတို့ စိတ်ရင်းနဲ့ ခင်အောင် ဘယ်လိုလုပ်ရမလဲ" တို့ မရှိပါဘူး။ (ဘာလို့လဲဆို exဖြစ်ဖို့ relationshipထဲ မဝင်ခင်တည်းကကို အရိပ်ပြလာတာနဲ့ အစဖြတ်ပစ်ခဲ့၊ အပေါင်းအသင်းဆိုလည်း ကိုယ့်ကိုမခင်ရင် တွယ်ကပ်မနေဘဲ ဖယ်ထွက်လာခဲ့တာကိုး) အကျိုးဆက်ကတော့ ကျွန်မမှာ ရည်းစားလည်း တစ်ယောက်မှ မရှိဖူး၊ သူငယ်ချင်းစာရင်းဝင်သူဟာလည်း ဆယ်ဂဏန်းသာ ရှိလို့ နေပါတယ်။ (အတန်းဖော်တို့၊ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုး၊ ဘာညာ စာရင်းပေါက်သူတွေတော့ ရှိတာပေါ့)

နောင်တရလားဆိုတော့ မရပါဘူး။ အခုဆို ကျွန်မအနားမှာ ကျွန်မ ချစ်တဲ့သူတွေနဲ့ ဝန်းရံနေပါတယ်။ ဖီးဖီးကို ကြည့်မလား၊ သူငယ်ချင်းတွေပဲ ကြည့်မလား၊ အမျိုးစုံ ဆော့တတ်တဲ့ မျောက်စိန်လေးပဲ ကြည့်မလား အကုန်လုံးက ကျွန်မကို ပျော်ရွှင်စေတဲ့သူတွေချည်းပါပဲ။ (တစ်ခါတလေ ဖီးဖီးဆဲလို့ စိတ်ညစ်တာတို့၊ တူမတော်က မျောက်ရှုံးလွန်းလို့ ခေါင်းမူးတာတို့တော့ ရှိတာပေါ့။ ဒါပေမဲ့လည်း ဘဝနဲ့ချီတဲ့ စိတ်ဒဏ်ရာကြီးတွေ မရဘူးလေ)

ဒီလိုပဲ "ဂျောင်းတော်မူ"ပုံစံနဲ့နေရင် စိတ်ညစ်ရလိမ့်မယ်၊ ပြောင်းလဲရမယ်နဲ့ လာပြောတဲ့သူ ရှိပါတယ်။ အမှန်ပြောရရင် ကျွန်မကမှ လူတွေအကြိုက်လိုက်မနေနိုင်တာလည်း ဘယ်လိုလုပ်ရမလဲ။ confidence level so highလို့ပြောပြော ဘယ်လိုပြောပြော ဒီကမ္ဘာကြီးမှာ ကျွန်မတစ်ယောက်စာ ရှင်သန်ဖို့တော့ နေရာရှိတယ်လို့ ယုံကြည်တယ်။ တစ်ယောက်က ကျွန်မနဲ့ အဆင်မပြေဘူးဆိုပါစို့၊ ညှိမရတာကြီးကို သည်းခံမနေဖို့လောက်တော့ ကျွန်မအတွက် ရှောင်ဖို့ နေရာရှိတယ် ထင်တယ်။ တစ်ယောက်က မကြိုက်ဘူးဆိုပေမဲ့ တစ်ကမ္ဘာလုံးကတော့ မုန်းနေနိုင်မလား။ ဒါကြောင့်ပဲ ကျွန်မဘဝကြီးက တစ်နေရာတည်းမှာမရှိဘဲ အမြဲပြောင်းရွှေ့နေရတယ်နဲ့ တူပါတယ်။ 


ကျွန်မရဲ့ ideal relationship ပုံစံကတော့ သီချင်းထဲကအတိုင်း ဖြစ်ပါတယ်။ ဟိုအကြောင်း ဒီအကြောင်း၊ အိမ်အကြောင်း အလုပ်အကြောင်း ရယ်စရာတွေပြောရင်း ရယ်လိုက် ကလိုက် လုပ်ကြမယ်၊ တခွိခွိရယ်ကြမယ် ဖြစ်ပါတယ်။ မရယ်ဘဲ ငိုစရာတွေပေးဖို့ ဟန်ပြင်လာတာနဲ့ ကျွန်မက ဘိုင့်ဘိုင် လုပ်မှာ ဖြစ်ပါတယ်။


ဒီစာကိုနိဂုံးချုပ်ဖို့ အဆုံးသတ် (၃) မျိုး စဉ်းစားထားပါတယ်။ ရှင်တို့ ကြိုက်ရာနဲ့ အဆုံးသတ်နိုင်ပါတယ်။


၁) ကျွန်မရဲ့ လက်တွဲဖော်ကို ရှာဖွေဖို့က သီချင်းထဲကအတိုင်း akirameta (လက်လျှော့လိုက်ပြီ) ဖြစ်ပါတယ်။ အဲဒါကြောင့် ခေါင်းစဉ်ကအတိုင်း အဗြဟ္မစရိယအကျင့်ပဲ ကျင့်ပါတော့မယ်။


၂) ကျွန်မဘဝရဲ့ အဓိပ္ပာယ် ပြီးပြည့်စုံဖို့ ယောက်ျားတစ်ယောက် မလိုပါဘူး။ ပျော်ရွှင်ဖို့ ယောက်ျားအပေါ်မှီခိုနေရမယ်ဆို ကျွန်မ အရမ်းညံ့သွားမှာပေါ့။


၃) ကျွန်မမှာ သူတို့ရှာနေတဲ့အရာတွေအကုန်လုံး ရှိပြီးသား ဖြစ်ပါတယ်။ အပင်လေးတွေက ကျွန်မ ကြင်ဖက်ဖြစ်ပြီး "မမကြီးရေ" နဲ့ အော်ခေါ်တတ်တဲ့ ဖီးဖီးကတော့ ကျွန်မ သမီးလေး ဖြစ်ပါတယ်။

ginger and culantro in a pink pot
ကျွန်မရဲ့ ကြင်ဖက် ရှမ်းနံနံများ




p.s.: ဒီလောက်ဆို အရမ်းကြီးလည်း ကိုယ်ရေးကိုယ်တာမဆန်ဘဲ သိသင့်သလောက်လည်း သိနိုင်လောက်ပြီလို့ ယူဆပါတယ်။ 




Comments

  1. Nice person you really are!

    ReplyDelete
    Replies
    1. ရှင်အခုမှ သိတာလား

      Delete

Post a Comment