Hello, blogကို လာလည်ရင် ဘယ်ကိုအရင်သွားလို့ ဘာအရင်ဖတ်ရမယ်၊ ဘယ်လိုဖတ်ရမယ်ဆိုတာ လမ်းညွှန်ပေးပါရစေ။
၁။ တစ်ယောက်တည်းရှိချိန်မှ ဖတ်ပါ။
ဒီblogက NSFWတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ သီးသန့်ပုဂ္ဂလဆန်တဲ့ အကြောင်းအရာတွေ ဖြစ်တဲ့အတွက် ရှင်တို့က လုံခြုံပြီး အနှောင့်အယှက်ကင်းတဲ့အချိန်မှ အာရုံစိုက်ပြီး ဖတ်ရင် ကျွန်မက ကျေးဇူးတင်မိမှာ ဖြစ်ပါတယ်။
၂။ sidebarကို အရင်သွားပါ။
sidebarမှာ မသိမဖြစ် updateတွေနဲ့ objectiveတွေကို ရေးထားပါတယ်။ အဲဒါတွေကို ဖတ်ရင် ဒီblogမှာ ဘာတွေရေးထားတယ်ဆိုတာကို အကြမ်းဖျင်းတော့ အကဲခတ်နိုင်ပါလိမ့်မယ်။
၃။ ထည့်ထားတဲ့ သီချင်းလေးကို တိုးတိုးဖွင့်ပြီး နားထောင်ပါ။
ကျွန်မရဲ့ စာပုဒ်တိုလေးတွေ အတော်များများမှာ သီချင်းလေးတွေ ထည့်ထားတာ တွေ့ပါလိမ့်မယ်။ အဲဒါတွေက ကျွန်မ စာရေးတဲ့အချိန်မှာ နားထောင်ပြီး သေချာရွေးချယ်ထည့်ပေးထားတာမို့ ရသအပြည့်အဝ ခံစားချင်ရင် နားထောင်သင့်ပါတယ်။
၄။ commentပေးပါ။
စာပိုဒ်တွေရဲ့ အဆုံးမှာ မေးခွန်းလေးတွေ မေးထားတာ တွေ့ပါလိမ့်မယ်။ အဲဒါဆို ရှင်တို့လုပ်ရမှာက အဖြေတွေကို commentမှာ ရေးပေးသွားဖို့ပဲပေါ့။ မေးခွန်းမမေးရင်တောင် ပြောချင်တာလေးတွေ ရေးသွားနိုင်ပါတယ်။ တကယ်ပြောတာ commentတွေ ဖတ်ပြီးရင် တစ်ရက်တစ်ပုဒ် စာရေးချင်လောက်အောင် ပျော်ရွှင်နေပါလိမ့်မယ်။
၅။ labelsတွေကနေ မွှေနှောက်ရှာပါ။
ဒီမှာ ရေးထားတာက အပုဒ်တစ်ရာကျော်ဆိုတော့ အကုန်ဖတ်ဖြစ်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ကိုယ်စိတ်ဝင်စားလောက်မဲ့ အကြောင်းအရာကို sidebarက labelတွေကနေ မွှေနှောက်ရှာနိုင်ပါတယ်။
၆။ ဖတ်ပြီးသားလည်း ထပ်ဖတ်ပါ။
ကျွန်မက ရေးပြီးသားစာတွေမှာလည်း စိတ်ကူးပေါ်ရင် ပေါ်သလို ဖြည့်ရေးတတ်ပါတယ်။ ဒါကြောင့် ဖတ်ပြီးသားပဲဆိုပြီး အဟောင်းတွေပဲ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖတ်ပြီးသားတွေ့ရင်လည်း ထပ်ဖတ်နိုင်ပါတယ်။ အရင်က ဖတ်တဲ့ ခံစားချက်မျိုးမဟုတ်ဘဲ အသစ်တစ်မျိုး ရတာပေါ့။
၇။ subscribeလုပ်ချင်ရင်
sidebarမှာ buttonထည့်ထားပါတယ်။ အလွယ်တကူနှိပ်ပြီး followလုပ်နိုင်ပါတယ်။
Comments
Post a Comment