Featured post

မျှော်လင့်ချက်အသစ်

 ဒီနေ့ကစလို့ ကျွန်မ blog ပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အရင်ကတော့ ဟိုအလုပ်ဒီအလုပ်နဲ့ ရှုပ်နေလို့ စာမရေးဖြစ်ပါဘူး။ အခုတော့ စာသင်တာလည်း လျှော့ပြီး စာရေးတဲ့ဘက်ကို အာရုံစိုက်မလို့ပါ။ 

စာသင်ရတာ ပင်ပန်းပါတယ်။ ပြီးတော့ ကျောင်းသူတစ်ယောက်ကို သင်၊ ပြီး နောက်တစ်ယောက်ကို ဆက်သင်တာက ပင်ပန်းတာနဲ့ တွက်ခြေမကိုက်ပါဘူး။ ဟိုလို ကြီးပွားရေးဂုရုကြီးတွေရဲ့ စကားအတိုင်းပြောရရင် “အလုပ်လုပ်မှ ပိုက်ဆံရတယ်ဆိုတာ အသားတင်ငွေရတာ မဟုတ်ဘူး”တဲ့။ အဲဒါကြောင့် ကျွန်မလည်း အသားတင်ငွေရမဲ့အလုပ်ကိုပဲ ဦးစားပေးလုပ်ချင်ပါတယ်။ တစ်ဖက်တစ်လမ်းကနေ ငွေဝင်နေမှ ကိုယ်အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံကို ပျော်ပျော်ကြီး သုံးနိုင်မယ်မဟုတ်ဘူးလား။ 

ဒီတော့ ကျွန်မ အိပ်နေရင်း ဝင်ငွေရမဲ့အလုပ်မျိုး၊ တစ်ခါလုပ်ပြီး အကြာကြီးခံမဲ့အလုပ်မျိုးတွေကို ရှာကြည့်တယ်။ အဲဒါက စာရေးတာ၊ ဗဟုသုတမျှဝေတာ၊ ဘာသာပြန်တာ စတဲ့အလုပ်မျိုးတွေပေါ့။ စတော့ဝယ်တာ ဘာညာလည်း ရှိပေမဲ့ အဲဒါမျိုးကျ ကျွန်မက မလုပ်တတ်ဘူး။ အဲဒီတော့ အပြင်စာသင်တာလျှော့ပြီး ဒါတွေကို တစ်ရက်နည်းနည်းချင်းစီ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။

အခုလုပ်ရမှာက ကျွန်မရဲ့ အချိန်ဇယားကို ချိန်ညှိတာပါပဲ။ ကျွန်မမှာ လုပ်စရာတွေများနေတယ်။ 

  • အမေ့ pageအတွက် စာရေးပေးရမှာ

  • ကျွန်မရဲ့ youtube channelကို အစပျိုးရမှာ

  • tkt စာမေးပွဲဖြေဖို့ စာဖတ်ရမှာ

  • အခု volunteer ဘာသာပြန်တာကို ပြီးအောင်လုပ်ရမှာ

  • အချိန်ပြည့်အလုပ်

  • အပြင်စာသင်တာ

  • အိမ်အလုပ်

ဒါတွေကို အပိုင်းခွဲ အချိန်ဇယားထဲ ထည့်ရမှာပါ။ 

  • tkt ဖြေဖို့က တစ်ရက်ကို ၁နာရီ အနည်းဆုံး စာဖတ်မယ်လို့ ကတိပေးထားပါတယ်။ 

  • youtube channelကတော့ တစ်ခုခုလုပ်နေတာကိုပဲ screen record ယူပြီး တင်မယ် စိတ်ကူးထားတယ် လောလောဆယ်ပေါ့

  • အပြင်စာသင်တာက တစ်ပတ်ကို ၆နာရီ

  • အချိန်ပြည့်အလုပ်က တစ်ပတ်ကို ၄၈နာရီ

  • အမေ page မှာ တစ်ပတ်ကို စာ၃ပုဒ် တင်မယ်။ 

ဒါတွေကို အစီအစဉ်ချပါမယ်။ ဒီနေ့တော့ ဒါရေးတာနဲ့တင် ၁၁နာရီ ထိုးပါတော့မယ်။ 

Comments