Featured post
- Get link
- X
- Other Apps
ဒီနေ့ညနေပဲ စာအုပ်ဂရုတစ်ခုမှာ "ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ရင် စိတ်ညစ်ရင် ဘာစာအုပ်လေးတွေ ဖတ်ရမလဲ" လို့ အကြံတောင်းထားတာ တွေ့လိုက်ပါတယ်။ ဒီတော့ ကျွန်မလည်း ကိုယ်ဘာလုပ်သလဲ ပြောချင်လာတယ်ပေါ့လေ။
ဘလိမ်းတယ်
self-esteem နိမ့်နေတဲ့အချိန်မှာ အကောင်းဆုံးကတော့ သူများမကောင်းကွက် လိုက်ရှာတာပါပဲ။ ကျွန်မ တော်တော်ဆိုးရဲ့ မဟုတ်လား 🤣🤣။ ဘယ်သူတွေကို ဘလိမ်းတာလဲဆိုတော့ များသောအားဖြင့် စာရေးဆရာတွေကိုပါ။ စာအုပ်တစ်အုပ် ကောက်ဆွဲလိုက်မယ်၊ စိတ်တိုင်းမကျရင် "ဒီလူတော့ လုပ်ပြီ ဒီစာအုပ် မကောင်းဘူး မဖတ်နဲ့" ဆိုပြီး စာအုပ်ထဲက စာသားတွေကို screenshotတွေရိုက် ပြီးတော့ ကိုယ့် telegram channelမှာတင်ဘလိမ်းတာပဲ အဟီး။အိပ်တယ်
လက်တွေ့ဘဝက မကောင်းဘူးဆို ဒါကို ရှောင်ပြေးဖို့က အိပ်မက်ကမ္ဘာထဲ ဝင်လိုက်ဖို့ပဲပေါ့။ ကျွန်မလည်း ဒီလိုပဲ လုပ်ပါတယ်။
စိတ်ကောက်တယ်
အရင်ဆုံး ညီမတော်ကိုပဲ ဂရုစိုက်နေတဲ့ အမေကို စိတ်ကောက်ပါတယ်။ ပြီးရင် ရည်းစားကို စိတ်ကောက်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ကောက်ပြီး ဘာအလုပ်မှ မလုပ်ပါဘူး.
ဒါပါပဲရှင်။ အပေါ်က ပြောထားတာတွေက သင့်လျော်တဲ့ စိတ်ဖြေနည်းတွေမဟုတ်တာကြောင့် လိုက်မလုပ်ကြဖို့တော့ သတိပေးပါရစေ။
- Get link
- X
- Other Apps
Comments
Post a Comment