Featured post
- Get link
- X
- Other Apps
ဒီမှာတော့ ကျွန်မရဲ့ လာလတ္တံ့သော လျှပ်တပြက်ဝတ္ထုပေါင်းချုပ်အကြောင်း ပြောပြပါမယ်။ Yayyyy!! နောက်ဆုံးတော့ စာအုပ်ကို စက္ကူသားနဲ့ မထုတ်ဖြစ်ရင်တောင် epub လုပ်ပြီး ဖြန့်မယ် စိတ်ကူးပါတယ်။ ကျွန်မရဲ့ ပထမဆုံးစာအုပ်ဟာ အချစ်အကြောင်း ဖြစ်လာမှာပေါ့။
စာအုပ်ထုတ်မယ်လုပ်တော့ ကျွန်မရဲ့ ရပ်တည်ချက်နဲ့ စာရေးရခြင်းအကြောင်းကို ပြန်ဆင်ခြင်မိတယ်ပေါ့လေ။ ငါက လောကကို ဘယ်လိုမြင်တာလဲ? ငါဘာလို့ ဒါတွေရေးနေရတာလဲ? ကိုယ့်အကြောင်းပြောဖို့သက်သက်ဆို facebook မှာ live လွှင့်ပြီး ပြောနေလည်း ရသားပဲမဟုတ်လား။ စဉ်းစားရင်းနဲ့မှ အဖြေရတယ်။ ကျွန်မက လူသားဖြစ်ရခြင်းအကြောင်းကို ပြချင်တာ။ လူဖြစ်တယ်ဆိုတာ ဘာလဲ၊ အခြားသော သတ္တဝါတွေနဲ့ ဘယ်လိုကွာလဲ၊ ဘယ်လိုဆိုရင်တော့ လူဖြစ်ပြီး ဘယ်လိုဆိုရင်တော့ လူမဟုတ်ဘူးလဲ၊ လူဖြစ်လာပြီဆို ကြုံရမဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေ ဒါမျိုးကို အရှိအတိုင်း ချပြချင်တာပါ။
အဲဒါရဲ့ ပထမဆုံး installment က အချစ်ပေါ့၊ ပြီးရင်တော့ ပျက်စီးခြင်း၊ နောက် ကြီးထွားရှင်သန်ခြင်း၊ နောက် ရူးသွပ်မှုနဲ့ ဝေဒနာ အဲလို theme လေးတွေနဲ့ သွားမယ် စိတ်ကူးပါတယ်။ အတိုလေးတွေပြီးရင်တော့ ဝတ္ထုရှည်တွေ စလုပ်မယ် စိတ်ကူးပါတယ်။ ပြောသာပြောတာပါ။ အကုန်ပြီးဖို့ဆို ကျွန်မဘဝတစ်သက်တာလုံး အချိန်ယူရမလားပဲ။ အခုဟာတောင် ပြန်ပြင်ရမှာနဲ့ ဘာနဲ့။
ထားပါတော့။ ပထမအုပ်မှာ ပါလာမဲ့ ခေါင်းစဉ်တွေက
- အချစ်သည် သက်တံတစ်စင်းဖြစ်သည် (ဆယ်ကျော်သက်အချစ်)
- မိန်းမဆိုတာ ခံစားတတ်တဲ့သတ္တဝါတွေတဲ့လား (တစ်ကိုယ်ကောင်းဆန်တဲ့အချစ်)
- ကြူးစာများ (မိန်းမောဖွယ်အချစ်)
- ပြန်လည်တမ်းတခြင်း (ပြီးဆုံးသွားတဲ့အချစ်)
- ဆင်ဂလယ်လေဒီ (မိမိကိုယ်ကိုယ်အချစ်)
Comments
ပြောတာပဲ 🙄🙄ဆင်ဂလယ်လေဒီတောင် မပြီးသေး၊ ပြန်လည်တမ်းတခြင်းဆို စတောင်မစရသေး
ReplyDelete