Featured post
- Get link
- X
- Other Apps
နိဂုံး
သို့
ချစ်ခင်ရသော မိတ်ဆွေများ
ပို့သသော မေတ္တာကြောင့် ချမ်းသာစွာ နေထိုင်ရပါသည်။ ကိုယ်စိတ်နှစ်ဖြာလည်း ကျန်းခံ့သာ၍ ရွှင်လန်းစွာ ရှိကြပါသည်။ ယမန်နှစ်က ကျွန်ုပ်တို့ အခက်အခဲကျရောက်ချိန် အကူအညီတောင်းရာဝယ် စိတ်အားထက်သန်စွာ စောင်မခဲ့သူများအားလုံးကို အစဉ်အမြဲ အောက်မေ့သတိရလျက် ရှိပါသည်။ မိတ်ဆွေတို့ ကျေးဇူးကြောင့်သာ ကန္တာရခရီးကြမ်းကို ဘေးမသီရန်မခ ကျော်ဖြတ်နိုင်ကာ လိုရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ကျွန်ုပ်တို့လည်း အခြေကျ၍ ဝမ်းခါးလှပြီဖြစ်သဖြင့် ပြန်လည်ကျေးဇူးတုံ့ပြန်ရန် အခါအခွင့်သင့်ပြီဟု မှတ်ယူပါသည်။ နေ့ကောင်းရက်သာရွေးကာ အကျွန်တို့ဆီသို့ ကြွမြန်းတော်မူကြပါ။ အိမ်ရှင်တို့ဝတ္တရားရှိသည်ထက်ပင် ကျေပွန်အောင် ဧည့်ခံပါမည်ဟု ဂုဏ်ယူစွာ ပြောကြားလိုပါသည်။ လာရာခရီးလမ်းဝယ် စိတ်မပန်းလူမနယ်ရလေအောင် သုံးတော်ယာဉ်နှင့် ပစ္စည်းတစ်ချို့ကို ပဏ္ဏာပါးလိုက်ပါသည်။
မှ
ထူး နှင့် ဆွေ
- Get link
- X
- Other Apps
Comments
Post a Comment