Featured post
- Get link
- X
- Other Apps
အချိန်က မနက် ၆နာရီ ခွဲခါနီးပါပြီ။ ကျွန်မနိုးနေတာ မနက် ၅နာရီကျော်ကတည်းကပါ။ ထုံးစံအတိုင်း manwha ဖတ်ပြီး ငိုနေပါတယ်။ အခုဆက်ဖတ်ရင်လည်း ဆက်ငိုနေမိမှာမို့ ရပ်ပြီး စာလာရေးနေပါတယ်။ မနက်တိုင်း အလုပ်သွားရတာက တော်တော်ဆိုးပါတယ်။ ငိုထားလို့လည်း မရ (စာသင်ရမှာမို့လေ)၊ အိပ်ချင်သလောက် အိပ်လို့လည်း မရ။ အိပ်ချင်သလောက် အိပ်လို့မရဆိုမှ အခုတလော ကျွန်မ တော်တော်အအိပ်ဆတ်လာပါတယ်။ အထူးသဖြင့် မနက်ခင်းတွေမှာပေါ့။ မနက် ၅ နာရီကျော်ဆို အိမ်မှာ ချက်ကြပြုတ်ကြပါပြီ။ အဲဒါဆို ကျွန်မလည်း နိုးပါပြီ။ အရင်ကဆို အိပ်နေဦးမှာပေမဲ့ အခုက အိပ်လိုက်ရင် ကျောင်းချိန်အမှီ မနိုးမှာစိုးရိမ်လို့ ဟိုလုပ်ဒီလုပ် (ဖုန်းကြည့်တာပါပဲ) ရင်း မနက်ပိုင်း ၂နာရီလောက်ကို ဖုန်းနဲ့ အချိန်ဖြုန်းဖြစ်နေပါတယ်။ ညနေကျတော့လည်း ကျောင်းက ပြန်ရောက်လာရင် ဟိုလုပ်ဒီလုပ် (အမှန်က ဖုန်းထိုင်ကြည့်) နဲ့ ဖုန်းကို မချတမ်း ကိုင်မိနေပါတယ်။ ကျွန်မ စာအုပ်လေးဘာလေး ဖတ်မှ ရတော့မယ်ထင်ပါတယ်။ ဒီတိုင်းဆက်နေရင် ကျွန်မဘဝကြီးဟာ နေ့ဘက်ဆို အလုပ်ရှင်ကို အလုပ်အကျွေးပြု၊ ညဘက်ဆို weebtoon ပိုင်ရှင်နဲ့ social media website ကုမ္ပဏီတွေကို အလုပ်အကျွေးပြုရင်း ကုန်ဆုံးသွားပါတော့မယ်။
- Get link
- X
- Other Apps
Comments
Post a Comment