Featured post
- Get link
- X
- Other Apps
ဘာလိုလိုနဲ့ ဩဂုတ်လတောင် ရောက်လာပါပြီ။ ကျွန်မလည်း စိတ်ဓာတ်အကြီးအကျယ်ကျနေပါတယ်။ ဘာလို့လဲဆို ဇူလိုင်တစ်လလုံးက မကောင်းပါဘူး။ ပထမအပတ်မှာ ဖုန်းခါးပိုက်နှိုက်သွားတယ်။ ဒုတိယအပတ်ကျတော့ တစ်ပတ်ကို ၆ရက် အလုပ်လုပ်ရမယ်ဆိုတာ ကြားရပါတယ်။ တတိယအပတ်ကျ ဘာမှမဖြစ်သလိုနဲ့ နောက်ဆုံးအပတ်ကျတော့ ဒီနှစ်အတွက် လစာတိုးမှာမဟုတ်ဘူးဆိုတာ သိလိုက်ရ၊ ဘောင်ဘောင်ကို ပေးမဲ့ဖုန်းက ညီမတော်ဆီမှာ ပျောက်သွားကြောင်း သိလိုက်ရပါတယ်။
ထူးဆန်းတာလို့ပဲ ပြောရမလား... ကျွန်မ မျက်ရည်တစ်စက်မှ မကျဘဲ ပြောင်စပ်စပ် လုပ်နေမိပါတယ်။ ဖုန်းကတော့ ဦးလေးပြန်ဝယ်ပေးလို့ သုံးစရာ ရနေပါပြီ။ အလုပ်၆ရက်လုပ်တာကလည်း "ငါ ရသမျှ ရေသာခိုမယ်" လို့ သန္နိဋ္ဌာန်ချထားလို့ နည်းနည်း ခံသာသွားပါတယ်။ နှမြောဆုံးကတော့ ဘောင်ဘောင်ကို ပေးဖို့ ပြင်ထားတဲ့ ဖုန်းလေးပါပဲ။ ကျွန်မမှာ ဆုံးရှုံးတာတွေက ရှိလာမှာပဲ။ အဲဒီတော့ သူတို့ကို ပြန်ကာမိအောင် ပိုက်ဆံအများကြီးရှိဖို့ လိုတယ်. ဒါပေမဲ့ အဲဒီ့ပိုက်ဆံက သူများဝန်ထမ်းလုပ်လို့ ရလာမှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်လာပါတယ်။
အဲဒီတော့ passive income ရှာဖို့ အသည်းအသန်လုပ်နေပါတယ်။ ပထမဆုံးတွေးမိတာကတော့ youtube မှာ podcast လုပ်တာပါ။ ဒီလိုပဲ ဘာမှမဟုတ်လည်း အာပလာလျှောက်ပြောမယ်ပေါ့။ အဲဒါ တကယ်လုပ်မှ ရပါမယ်။ အိပ်နေလည်း ပိုက်ဆံဝင်မှ အေးအေးချမ်းချမ်း အိပ်နိုင်မယ်။ အဲဒီတော့ စိတ်မကောင်းစရာတစ်ခုက ဒီblog ကို ဖျက်လိုက်တော့မယ်ပေါ့။ ဒီမှာရေးထားတဲ့ writing reflection တွေကိုလည်း ကျွန်မရဲ့ facebook account ကို ရွှေ့ပြီး လူသိများအောင်ပဲ လုပ်ပါတော့မယ်။ ဘာလုပ်လုပ် လုပ်သမျှအရာတိုင်းက ငွေဝင်ဖို့ဖြစ်နေရမယ်.
- Get link
- X
- Other Apps
Comments
Post a Comment