Featured post
- Get link
- X
- Other Apps
ကျွန်မ စာမရေးတာ တော်တော်ကြာပါပြီ။ ကြားထဲမှာ မအားတာရော၊ အားပေမဲ့ အပျင်းတစ်နေတာရောကြောင့်ပါ၊ ဒါပေမဲ့ မရေးရင် မရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ ကျွန်မရဲ့ မူလပန်းတိုင်ကို မေ့ပျောက်နေလို့ မဖြစ်ဘူး။ ကျွန်မ အလုပ်ဝင်လုပ်တယ်ဆိုတာ မငတ်မပြတ်ဘဲ စာရေးနိုင်ဖို့၊ အိမ်ကလူတွေကိုလည်း ထောက်ပံ့ချင်လို့ပါ။ အဲဒါကို မေ့နေလို့ မရပါဘူး။
ဒီလိုနဲ့ ကျွန်မ စာရေးနည်း workshop တစ်ခု ဝင်join ပါတယ်။ အဲဒီမှာ တော်တော်ပျော်ရပါတယ်။ workshop က မနက် ၉နာရီကနေ ညနေ ၄ နာရီအထိပါ။ အဲဒီ့အချိန်တစ်ခုလုံးမှာ စာရေးစာဖတ်ပဲ လုပ်ကြပါတယ်။ ဘာကိုမှ စဉ်းစားစရာမလိုဘဲ စာရေးဖို့ပဲ စိတ်ထဲထားရတာ တော်တော်ပေါ့ပါးပါတယ်။ ဒီကနေ ဇာတ်လမ်းအတွက် အကြံတွေလည်း အများကြီး ရလိုက်ပါတယ်။ လူတွေကလည်း တော်တော်ခင်ဖို့ကောင်းသလို တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ ရှိကြတာ တကယ်ကြည်နူးဖို့ကောင်းပါတယ်။ ကျွန်မအလုပ်နဲ့ကတော့ ဆန့်ကျင်ဘက်ပါပဲ။
အလုပ်က တစ်ပတ် ၅ရက် လုပ်နေရာကနေ ၆ရက် လုပ်ရမယ်ဆိုပြီး ပေါ်လစီပြောင်းပါတယ်။ သူတို့ တိုးပေးတဲ့ လစာကလည်း နှစ်ပဲတစ်ပြားပါ။ ဆီတစ်ပိဿာတောင် ၁သိန်းကျော်နေတဲ့ခေတ်မှာ သူတို့ပေးတဲ့လစာက ဆီ၅၀သားစာပဲ ရှိပါတယ်။ နောက်တစ်ခုက အလုပ်ချိန် မတိကျတဲ့ကိစ္စ။ အချိန်ဇယားက နေ့တိုင်းနီးပါးပြောင်းပါတယ်။ အဲဒီတော့ တစ်ရက် ၈နာရီဆိုတာ ဘယ်၈နာရီပဲဖြစ်ဖြစ် ဆိုတဲ့အဓိပ္ပာယ် ပေါက်မနေဘူးလား။ သေလိုက်ပါတော့။ ကျွန်မတို့က သူ့ဆီမှာ အလုပ်လုပ်ဖို့ပဲ မွေးလာတဲ့ ကျွန်မှ မဟုတ်တာ။ ကျွန်မတို့မှာ မိသားစုရှိတယ်၊ အခြားဝါသနာရှိတယ်၊ ဘဝကြီး ရှိသေးတယ်။ သူတို့က အဲလိုခိုင်းနေရင် ကျန်တာကို ဘယ်လို စီမံခန့်ခွဲရမလဲ။
ဒီတောင်ကြီးက နောင်တစ်ချိန်မှာ ကောင်းဖို့အတွက် အထောက်အပံ့ဖြစ်ပါစေပဲ မျှော်လင့်ရပါတယ်။ တစ်ပတ်ကို ၆ရက်သာ အလုပ်လုပ်ရရင် အိပ်ချိန်အများကြီး အိပ်လို့မရမှာပဲ ဝမ်းနည်းမိပါတယ်
Comments
Post a Comment