Featured post
- Get link
- X
- Other Apps
ဒီနေ့တစ်ရက်လုံး ဘာမှမလုပ်ချင်ဘဲ ဘူနေပါတယ်။ အမေ့အိမ်ပြန်ရောက်လို့ ပျင်းနေတာပေါ့လေ။ အစတုန်းကတော့ ဒီစနေ၊ တနင်္ဂနွေကျရင် နောက်နေ့တွေ စာသင်ဖို့ ကြိုပြင်မယ်၊ စာတွေဖတ်မယ် အစွမ်းကုန် အလုပ်လုပ်မယ် ဆိုပြီး စဉ်းစားထားခဲ့တာပါ။ ကြာသပတေးနေ့တုန်းကတော့ ဦးလေးအိမ်မှာပဲမို့ အလုပ်လုပ်ဖြစ်၊ ရုပ်ရှင်ကြည့်ဖြစ်၊ စာနည်းနည်းဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအိမ်လည်း ပြန်ရောက်ရော အိပ်ရာထဲပဲ လဲနေတာ ဒီနေ့ဆို မတ်တပ်ရပ်လိုက်တာ မူးလဲသွားတဲ့အထိပဲ။
မနေ့က အိမ်ပြန်ရောက်တော့ စားစရာဟင်းလည်း မရှိတာနဲ့ မာလာရှမ်းကော ၂သောင်းဖိုး ဝယ်စားပါတယ်။ ဒါပေမဲ့ ဘောင်ဘောင်မေးတဲ့အခါတော့ ၁သောင်းခွဲလို့ပဲ ဖြေလိုက်ပါတယ်။ (အမှန်ပြောလိုက်ရင် သွားရေစာကိုပဲ အဲလောက်တောင် ပေးပြီး ဝယ်စားရလား လို့ ဆူမှာစိုးလို့ပါ) အဲ.. ကံဆိုးချင်တော့ ဝယ်ထားတဲ့ ဘောက်ချာကို မသိမ်းမိလိုက်ပါဘူး။ (တွေ့သွားပြီလားတော့မသိ၊ ဒါပေမဲ့ ဘာမှတော့ မပြောပါဘူး)
ဒီနေ့တော့ ဘာမှမစားချင်ဘဲ အိပ်ရာထဲပဲ လဲနေချင်ပါတော့တယ်။ ဒါပေမဲ့ အိပ်လားဆိုတော့လည်း မဟုတ်ပါဘူး။ Facebook က video အတိုတွေ ထိုင်ကြည့်နေတာပါ။ တစ်ခါကြည့်ရင် ၁၀မိနစ်နဲ့ ၆ခါကြည့်ရင် ၁နာရီက အသာလေးကုန်သွားရော။ မနက်ဖြန်တော့ တကယ်ကို အလုပ်လုပ်မှပါလေ။ သောကြာနဲ့ စနေ ၂ရက်တောင်ကုန်သွားပါပြီ။ မနက်ဖြန်မှ စာမပြင်ရင်တော့ လာမဲ့တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၃ရက်လုံး ကားတော့မှာပဲ။
Comments
Post a Comment