Featured post
- Get link
- X
- Other Apps
ကြားရက်မှာ ဘလော့ရေးမယ် စဉ်းစားပါတယ်။ ဒါပေမဲ့ ပြန်ရောက်တာနဲ့ ကလေးကို စာသင်ရ ဘာရနဲ့ ဘာမှကို မလုပ်ဖြစ်ပါဘူး။ ညဘက်ကျရင် manwha ဖတ်နေတာနဲ့ ရုပ်ရှင်ကြည့်တာနဲ့ စာရေးဖို့ကို ပျင်းနေတာလည်း ပါပါတယ်။ ရေးမယ်ဆိုရင်လည်း ဘာရေးရမှန်းမသိ ဖြစ်နေပါတယ်။ အဲဒါကြောင့် မရေးဖြစ်ပါဘူး။
အမှန်က ရေးမယ်ဆို ရေးစရာတွေ ရှိတယ်ထင်တာပဲ။ ဒီနေ့က ဘာဖြစ်ခဲ့လဲ ဘာတွေ သင်ယူရခဲ့လဲ ဘာတွေ တွေးခဲ့လဲ ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ခက်တာက ကျွန်မက အဲဒါမျိုးကို အမြင်ကတ်ပါတယ်။ လူတစ်ယောက်က သူ့အကြောင်း နည်းနည်းပြောပြီး သူများကဖြင့် ဘယ်လိုတွေးသင့်တယ် ဘာညာ ဆရာကြီးလုပ်တဲ့အခါပေါ့။ အဲဒီတော့ ကျွန်မကိုယ်တိုင်လည်း အဲလိုကြီး ဖြစ်လာမှာ တအားကြောက်ပါတယ်။ အဲဒါကြောင့် မရေးဖြစ်တာလည်း ပါပါတယ်။
အရင်အပတ်ကတည်းက ပိတ်ရက်မှာ တက်တက်ကြွကြွလေးနေဖို့ ကြိုးစားပါတယ်။ တစ်နေ့လုံး ဖုန်းတစ်လုံး မျက်နှာရှေ့ချပြီး လှဲနေတာမျိုး မဟုတ်ဘဲ သင်တန်းတက်တာမျိုး၊ ရုပ်ရှင်ကြည့်တာ စာရေးတာ အဝတ်လျှော်တာ အဲလိုမျိုးပေါ့။ အိမ်အောက်လည်း ဆင်းပြီး ဟိုဝယ်ဒီဝယ် လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိပ်ရာပေါ် လှဲပစ်ချင်တဲ့စိတ်ကြီးကို ဖျောက်မရ ဖြစ်နေပါတယ်။ လကုန်လောက်ကစပြီး အပြင်ထွက်ဖို့ လုပ်ထားပါတယ်။ စကားပြေရေးခြင်း workshop မှာ ပါဖို့ စာရင်းပေးထားပါတယ်။ ကံကောင်းလို့ ပါရရင်တော့ ကျွန်မ အပြင်ထွက်ရမှာပါ။ အဲဒါဆိုရင်တော့ အရာတိုင်းကို အချိန်တိုင်း အပြစ်မြင်နေတဲ့စိတ်ကြီးပျောက်ပြီး ရွှင်ရွှင်လန်းလန်းလေး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
Comments
Post a Comment