Featured post
- Get link
- X
- Other Apps
ဒီနေ့က မေလ ၁ ရက်နေ့ပါ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ပေါ့။ ကျွန်မ ကျောင်းပိတ်ပါတယ်။ ကျောင်းပိတ်မယ်လို့ ပြောတော့ ကျောင်းသားတွေက နည်းနည်း အင်တင်တင်လို ဖြစ်သွားကြပါတယ်။ အဲဒါကြောင့် သူတို့ စာလေ့လာတာ အရှိန်မပျက်ရလေအောင် အိမ်စာတွေ အပုံကြီး ပေးခဲ့ပါတယ်။😈🤭
အခုတော့ ဦးလေးအိမ်ကနေ အိမ်ပြန်ရောက်နေပါပြီ။ အခုတော့ သီချင်းနားထောင်ရင်း ဘလော့ရေးနေပါတယ်။ တစ်မနက်လုံး manhwa ဖတ်ပြီး ထိုင်ငိုပါတယ်။ ပြန်လာတဲ့အခါ တူမတော်လေး ပါလာတော့ တစ်နေ့လယ်လုံး တော်တော် နားငြီးရပါတယ်။ အခုတော့ အေးအေးဆေးဆေးပဲလေ ဆိုပြီး ဂိမ်းဆော့လိုက်ပါသေးတယ်။ ဂိမ်းကလည်း မဆော့တာ ကြာလို့လား... အထာလည်း မသိ၊ ရှုံးနေတာ ၇ခါလောက် ရှိနေတာနဲ့ ရပ်လိုက်ပါပြီ။
စာမရေးတာ ကြာလို့ထင်ပါရဲ့။ အတွေးတွေက တောင်စဉ်ရေမရ ဖြစ်နေပါတယ်။ ဒီတိုင်းဆို သိပ်မသိသာပေမဲ့ စာချရေးရင် ဟိုအကြောင်းရောက် ဒီအကြောင်းရောက်နဲ့ တော်တော် သိသာပါတယ်။ နောက်ဆိုတော့ အချိန်ချန်ပြီး နေ့တိုင်း စာရေးမှပဲ။
- Get link
- X
- Other Apps
Comments
Post a Comment