Featured post
- Get link
- X
- Other Apps
အစက ဒီစာကို facebook ပေါ်တင်ဖို့ စဉ်းစားတာပါ။ နောက်တော့ facebook ပေါ်တင်ပြီး ဘာလုပ်မှာလဲ၊ သူတို့က အပန်းဖြေဖို့အတွက် ခဏ ဝင်ကြည့်မယ်၊ ပြီးရင် ထင်ချင်သလိုတွေ ထင်သွားကြမယ်၊ ပြီးတော့ ရေးချင်တာတွေ ရေးသွားကြမယ်၊ ပြီးတော့ ဒါကို မေ့သွားကြပြီး သူတို့ လုပ်ချင်တာတွေ ဆက်လုပ်သွားကြမှာပဲ ဖြစ်ပါတယ်။ အင်းလေ... ကိုယ်လည်း ဒီလိုပဲ မဟုတ်လား။ အဲဒီတော့ တင်မနေတော့ပါဘူးပေါ့။ ဒါပေမဲ့ မှတ်တမ်းလိုမျိုးတော့ တစ်ခု ရှိထားရမှာမို့ ဒီမှာ လာရေးပါတယ်။
ဒီအရာတွေကို ၂၀၂၄ မှာ လက်လျှော့လိုက်ပါပြီ။
နိုင်ငံခြားမှာ နေဖို့
ကျွန်မ အရင်တည်းက "ဒီနိုင်ငံမှာ မနေဘူး၊ နိုင်ငံခြားမှာ စာသင်မှာ" အဲလိုမျိုး ကြွေးကြော်ခဲ့ပါတယ်။ "အိမ်ကလူတွေက သူ့ဟာသူ ကျန်ခဲ့မှာပေါ့၊ ငါတစ်ယောက် အဆင်ပြေသွားရင် သူတို့ တော်တော်ပေါ့သွားပြီ" အဲလိုမျိုး အော်ခဲ့ဖူးတယ်ပေါ့လေ။ အခုတော့ ဖြစ်နေတဲ့ အကြောင်းအရင်း အခြင်းအရာတွေကြောင့် ဒီဟာကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဖြစ်ချင်လည်း ဖြစ်၊ မဖြစ်ချင်လည်း နေ။ နိုင်ငံခြားကို မသွားဖူးတော့ ဘာဖြစ်လဲ။ ဒီမှာပဲနေလည်း ရနေတာပဲ။ ကျွန်မက သွားဖို့ ဖြစ်နိုင်မယ်လို့လည်း မထင်တော့ပါဘူး။ ကျောင်းတက်ဖို့ဆို စားရိတ် မတတ်နိုင်၊ လေယာဉ်ခတောင် မတတ်နိုင်၊ စကော်လာလျှောက်ဖို့ ထူးခြားတဲ့ အချက်ကလည်း ရှိမနေ၊ contributions အကြီးအမားတွေလည်း မရှိ၊ leader ကြီးလည်း မဖြစ်ချင်၊ လူတွေနဲ့လည်း စကား မပြောချင်ဆိုတော့ကာ စကော်လာရှစ်ပေးတဲ့သူတွေ အကြိုက်မှ ဟုတ်မနေဘဲ။ အဲဒီတော့ မဟုတ်တာကို မျှော်လင့်ပြီး ပင်ပန်းနေမှာထက်စာရင် ကိုယ့်အကြောင်းကိုယ်သိပြီး စောစောစီးစီး လက်လျှော့လိုက်တာက မကောင်းဘူးလား။ bitter but it's the truth
သူဌေး ဖြစ်ဖို့
အရင်တုန်းကတော့ တွေးတယ်။ အလုပ်တွေ အများကြီး လုပ်ပစ်မယ်၊ အိမ် အကြီးကြီးတစ်ဆောင် ဝယ်မယ်၊ ပြီးရင် စားချင်ရာတွေ စားမယ်။ ငါတို့ ချမ်းသာသွားရင် အမျိုးတွေကလည်း နှိမ်မှာ မဟုတ်တော့ဘူး။ အဲဒါဆို သူတို့နဲ့ မဆက်ဆံချင်လည်း ရပြီ။ ဒီလိုပေါ့။ ဒါပေမဲ့ သူဌေးလုပ်ချင်ရင် အချိန်တိုင်း အကျိုးအမြတ်ကို တွက်နေရမှာ၊ မသိတဲ့လူတွေနဲ့လည်း သွားစကားပြောနေရမှာတွေ ရှိပါတယ်။ (ဒီတိုင်း အိပ်နေရင်းတော့ ဘယ်သူက ပိုက်ဆံအပုံလိုက် လာပေးပါ့မလဲ) အဲဒါတွေကို အဓိပ္ပာယ်မဲ့တယ်လို့ မြင်လာပါတယ်။ အဲဒီတော့ သူ့နောက်ဆက်တွဲ ဖြစ်တဲ့ ချမ်းသာတာလည်း စွန့်လွှတ်ရမှာပါပဲ
တစ်ယောက်တည်း နေဖို့
နိုင်ငံခြားသွားချင်တာ၊ သူဌေးဖြစ်ချင်တာတို့ရဲ့ နောက်ကွယ်ကဆန္ဓကတော့ တစ်ယောက်တည်း နေချင်တာပါပဲ။ နိုင်ငံခြားမှာဆို အမေတို့ လိုက်မလာလောက်ဘူးထင်လို့၊ နောက် ချမ်းသာသွားရင် ကိုယ့်အိမ်မှာ ကိုယ့်တစ်ယောက်တည်း နေနိုင်မယ် ထင်လို့။ ဒါပေမဲ့ အပေါ်က နှစ်ခု ဖြစ်မလာရင် ဒါကလည်း ဖြစ်နိုင်ဖို့ အလားအလာ မရှိ။ ဒီတော့ လက်လျှော့လိုက်တာပဲ ကောင်းပါတယ်။
to have a normal girl life
I know that I always say that I'm not gonna get married and that I like to be free and all, but sometimes, I want to be that normal girl. I want to meet a guy at work and introduce him to my family and then if things are good, i might get engaged. I also want to wear a white dress and hold a bouquet. it's cute. but being einkyiphyu, things are not normal. if things are normal, that's not me. so i just have to give up that wishful dream, i guess
- Get link
- X
- Other Apps
Comments
Post a Comment