Featured post
- Get link
- X
- Other Apps
ဒီနေ့ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြာကြီး စကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီထဲက ကျွန်မ စိတ်စွဲနေတာကတော့ romantic partnerအပေါ် ထားတတ်ကြတဲ့ စံတွေအကြောင်းပါ။ တစ်ယောက်သောသူကို သူ့ရဲ့ စံတွေက အရမ်းနိမ့်ကျနေကြောင်း ပြောတာ ကြားရပါတယ်။ ကျွန်မကတော့ သူတို့ စကားပြောရဲ့ ဟိုးအစကို မကြားလိုက်ရလို့ အပြည့်အစုံကို မသိရပေမဲ့လည်း ဒီလို အကြံပေးလိုက်ပါသေးတယ်။ "စံဆိုတာ ရှုပ်ရှုပ်ယှက်ယှက် ထားနေစရာ မလိုဘူး။ ကိုယ့်ကိုယ်ကိုယ် လုပ်ပေးတဲ့အတိုင်း၊ ပြောဆိုပြုမူခံစားတဲ့အတိုင်း လုပ်ရင် ရပြီ"
အခု ပြန်စဉ်းစားတော့မှ အဲဒါက သိပ်ကောင်းတဲ့ အကြံမဟုတ်ဘူးဆိုတာ သိလိုက်ပါတယ်။ တကယ်လို့ သူက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ? 😣နောက်တော့ ကိုယ့်ရဲ့ စံကိုလည်း သွားပြန်စဉ်းစားမိပါတယ်။ ကျွန်မရဲ့ စံက နောက်ပိုင်း ငွေရေးကြေးရေးတွေအပေါ် မမူတည်တော့ဘူး၊ သူ့ဘာသာသူ ဘယ်လောက်ရရ အကြွေးမတင်နေဘဲ ကိုယ့်ဘာသာကိုယ် လည်ပတ်နိုင်နေရင် ရပြီ။ ပြီးတော့ စကားပြောလို့ အဆင်ပြေရမယ်၊ academic အကြောင်း စိတ်ဝင်စားရမယ်၊ ပျော်တတ်ရမယ်၊ စည်းသိရမယ်.. ဒီလောက်ဆို ရပြီထင်တာပဲ။
အဲဒါနဲ့ တစ်ဆက်တည်းမှာ relationship တွေမှာ သာယာပျော်ရွှင်အောင်မြင်ချင်ရင် မိန်းမတွေအဖို့ ဘာလုပ်ရမလဲဆိုတာလည်း ကြားလိုက်ရပါတယ်။ သူက "relationship တစ်ခုမှာ အောင်မြင်ချင်ရင် မိန်းမတွေအဖို့ တုံးအချင်ယောင်သာ ဆောင်လိုက်" တဲ့။ ကျွန်မ ချက်ချင်းကို သဘောတူလိုက်ပါတယ်။ အရမ်းမှန်တာပဲပေါ့။ ဘာလို့လဲဆို ရုပ်ရှင်တွေမှာ၊ ဝတ္ထုတွေမှာ၊ တကယ့်အပြင်မှာ တော်ပြီး ဦးဆောင်နိုင်တဲ့ မိန်းမတွေကို ပစ်ပြီး အငယ်ထားတဲ့ ယောက်ျားတွေကို တွေ့ဖူးတာကိုး။ အဲဒီတော့ ကိုယ်တွဲနေတဲ့ ယောက်ျားက စိတ်သဘောထားမပြည့်ဝဘူးဆိုရင်၊ ကိုယ့်လောက်လည်း မတော်ဘူးဆိုရင်၊ ကိုယ်ကလည်း လူအသစ်နဲ့ စဖို့ကို စိတ်မအားသေးရင်၊ affection ဘာညာကလည်း လိုချင်နေသေးရင် ဒီလိုဟန်ဆောင်လိုက်တာက အကောင်းဆုံးပေါ့။
ဒါပေမဲ့ ညနေကျမှ တွေးမိပြန်ပါတယ်။ သူက ကိုယ့်ဖြစ်တည်မှုကို ကိုယ်ချစ်ရတဲ့သူ မမြင်အောင် ဖုံးထားရတာ သနားစရာပဲလို့ပေါ့။ ပြီးတော့ သူ့ဉာဏ်ရည်ကို သဘောကျတဲ့သူ မတွေ့သေးတာ နှမြောစရာပဲပေါ့။ အခု စာရေးနေရင်းလည်း တွေးမိပြန်ပါတယ်။ တကယ်လို့ ယောက်ျားတွေအကုန်လုံးသာ အဲလိုဆိုဖြစ်နေမယ်ဆိုရင်လည်း ဟန်ဆောင်ထားစရာလိုလို့လား။ ယောက်ျားတွေ မကြိုက်ရင် သူတို့နဲ့ မနေရုံပေါ့။ ကမ္ဘာပေါ်မှာ မိန်းမတွေ ရှိသေးတာပဲလေ မဟုတ်ဘူးလား🤭😂
Comments
Post a Comment