Featured post
- Get link
- X
- Other Apps
* သတိ*
တစ်ယောက်တည်းသာ ကြည့်ရန်
အော်စကာဆုရတယ်ဆိုပြီး ဒီကားက တော်တော်နာမည်ကြီးပါတယ်။ မင်းသမီးက သရုပ်ဆောင်တာ ပြောင်မြောက်တယ်၊ ဇာတ်ကားအဆင်အပြင်က ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်ညီတယ်၊ တွေးစရာတွေ အများကြီးပေးတယ်၊ လူ့ကျင့်ဝတ်တွေကို မေးခွန်းထုတ်စေတယ်၊ နောက် မဆီမဆိုင် မင်းသမီးက အရမ်းလှတယ်ဆိုတာလည်း ပါပါသေးတယ်။ (ကျွန်မကတော့ မင်းသမီး လှနေတယ်လို့ မထင်ပါဘူး။ သူဟာ သနားစရာသတ္တဝါထဲက တစ်ကောင်ပါပဲပေါ့)
ကျွန်မကတော့ တခြား reviewရေးတဲ့လူတွေလို ဒီကားက ဘယ်လိုသင်ခန်းစာပေးကြောင်းတွေ တရားပြမှာ မဟုတ်ပါဘူး။ ကျွန်မပြောမှာက တစ်ခုပဲ။ ယောက်ျားတွေ မကောင်းဘူး 🤣🤣
အိုး... ဒါပေမဲ့ ဒီကားမှာ brainwashing လုပ်တာတွေ အများကြီးတွေ့တယ်။ ပထမဆုံး bella၊ နောက် max၊ နောက် duncun က bella ကို၊ နောက် harry က bella ကို၊ နောက် ဟိုမိန်းမကြီးက bella ကို..အဲဒါကို ကြည့်ပြီး ကျွန်မ တော်တော်စိတ်ညစ်ရပါတယ်။
review တွေက ဒီကားကြည့်ရရင် စိတ်ဆင်းရဲရမယ် ပြောပါတယ်။ သူတို့ပြောတာ လုံးဝ မှန်ပါတယ်။ တော်တော်ကို စိတ်ဆင်းရဲရတယ်။ အထူးသဖြင့် အဓိကဇာတ်ကောင်က မိန်းကလေးဖြစ်ပြီး သူ့ဘေးပတ်ပတ်လည်က ယောက်ျားတွေ ဖြစ်နေတဲ့အခါပေါ့။
ကျွန်မ မကြိုက်ဆုံး character က duncunပဲ။ သူက ကောင်မလေးကို ငမ်းတာ၊ ပြီးတော့ သွားမယ် လိုက်မလားခေါ်တာ၊ ပြီးတော့ သူကပဲ ကောင်မလေးကို သိဖို့ မကြိုးစားတာ၊ သူကြိုက်တာလုပ်လို့လည်းဝရော သူများကို မကောင်းပြောရော၊ ဒီတိုင်းဆို နည်းနည်းခံနိုင်သေးတယ်၊ ဒါပေမဲ့ သူက ချစ်တယ်ပါ ပြောလိုက်သေးတယ်။ Eww အိုးမိုင်ဂေါ့။ ဒီလိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။
နောက် သနားလည်း သနား၊ သိပ်လည်းမကြိုက်တာကတော့ bella ရဲ့ ဖန်တီးရှင်ကြီး godwinပါ။ သူ့ကိုယ်သူ god လို့ခေါ်တယ်၊ (killers of the flower moon ထဲက king ကိုတောင် သတိရသွားပါတယ်။ သူတို့ ၂ယောက်က သိပ်တော့ မကွာကြပါဘူး။ ၂ယောက်စလုံးက ကမ္ဘာကြီးကို ထိန်းချုပ်နိုင်တယ် ထင်တဲ့လူတွေချည်းပဲ) သူ့ကို သူ့အဖေက မျိုးစုံ လုပ်တယ်။ lab rat လို ဆက်ဆံတယ်။ အဲဒါကို သူက love for science တွေ မျိုးစုံပြောပြီး ဖာထေးရတယ်။ ကျွန်မတို့က သူပြောတာပဲ နားထောင်ရတော့ တကယ့်ဇာတ်လမ်းအပြည့်အစုံကိုတော့ ဘယ်သိမလဲ။ ဒါပေမဲ့ သူက ဖာထေးနေတာ မဖြစ်နိုင်ဘူးလားပေါ့...🤔သူ့ကို ကြည့်ပြီး ပြောနိုင်တာက Oh... poor thing လို့ပါပဲ။
Oh.. poor things
Comments
Post a Comment