Featured post

6.3.24 (wed)

အလုပ်ရှိနေလည်း ကောင်းတာပါပဲလေ

ဖေဖော်ဝါရီလတုန်းက ကျွန်မ ဒီလို စဉ်းစားပါတယ်။ "မတ်လကျရင်တော့ ကျူရှင်တွေအကုန်လုံးကို ငြင်းပစ်ပြီး အလုပ်တစ်ခုပဲ လုပ်မယ်။ ပြီးတော့ အားတဲ့အချိန်မှာ စာရေးမယ်၊ ပုံဆွဲသင်မယ်" ဒါပေမဲ့.. (သေချာတာပေါ့လေ) သူတို့ကို အပြတ်ဖြတ်လို့ မရပါဘူး။ အဲဒီတော့ နားရက်မှာလည်း အပြည့်အဝ မနားရ၊ အလုပ်ရှိတဲ့ ရက်တွေကျတော့လည်း အိမ်ကို အသည်းအပြင်း ပြန်လာရ၊ စာလည်း အလုအယက် ဖတ်ရနဲ့ ဇယ်ဆက်သလို လုပ်နေရပြန်ပါတယ်။ တစ်ဖက်က တော်တော်ပင်ပန်းတာပဲလို့ တွေး‌ပေမဲ့ နောက်တစ်ဖက်က ကြည့်ပြန်တော့လည်း ပိုက်ဆံရတာပါပဲလေလို့ပေါ့။ ဘာလို့လဲဆို အခုမှ ၆ရက်ပဲ ရှိသေးပေမဲ့ ကျွန်မသုံးနေတာ ၁သိန်းကျော်ပြီကိုး။ ဆိုတော့ကာ... တစ်သိန်းလောက် အပိုရလည်း နည်းလား။ သုံးချင်ရင်တော့ ရှာရမှာပဲလို့ သဘောထားလိုက်ရုံပေါ့။

How do I spice up my love life?

ရည်းစားတွေမှာ ပြောစရာစကားမရှိရင် ဘာဆက်လုပ်ကြလဲ။ မသိဘူး။ အရင်လူတွေနဲ့လည်း ဒီလိုပဲ ပြတ်ခဲ့တာပါ။ တစ်လ၊ နှစ်လ၊ သုံးလ ကြာလာတော့ ပြောစရာမရှိတော့ဘူး။ အဲသလိုနဲ့ ဘာမှ ဆက်မပြောတော့ဘူး။ 🤔 ဒီတစ်ခုရော ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်.

Comments