Featured post
- Get link
- X
- Other Apps
မနှစ်တုန်းက ရေးခဲ့တဲ့ ကြူးစာများကို အဆုံးသတ်လိုက်နိုင်ပါပြီ။ ရေးခဲ့သမျှထဲမှာ အဲဒါက ပျော်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ cringe စရာလည်း အကောင်းဆုံး ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်လည်း နည်းနည်းပါပါတယ်။ ဘယ်လိုလဲ... အရင်စာတွေထက် ပိုပြီး personal ဖြစ်တယ်ဆိုပါစို့။
အစပိုင်းတုန်းကတော့ ရေးရတာ တော်တော်လွယ်ပါတယ်။ အဲဒီတုန်းက လူက တိမ်ပေါ်ရောက်နေတာလည်း ပါမှာပေါ့။ 🤭🤭နောက် အပိုင်း ၇လောက်မှာ ဘာရေးရမလဲ မသိ ဖြစ်သွားပါတယ်။ ဖတ်တဲ့သူတွေကိုလည်း နွေးတက်လာအောင် ခံစားစေချင်တယ်၊ ဒါပေမဲ့ အသေးစိတ်အောင် ထည့်ရင်း အရမ်းpersonal ဆန်သွားမှာလည်း ကြောက်တော့ အဲဒီနှစ်ခုကြားကို ချိန်ဆရပါတယ်။ အဲဒါအပြင် ကြားထဲမှာ အလုပ်ကိုပဲ အာရုံစိုက်နေမိတော့ ကြည်နူးဖို့ကို စိတ်က မရောက်ပါဘူး။ သူများအတွက်တော့ မသိပေမဲ့ ကျွန်မအတွက်ကတော့ စာတစ်ခုခုအတွက် ထားထားတဲ့ mood ဝင်မနေရင် အဲဒီ့စာကို လုံးဝ ဆက်ရေးလို့ မရတော့တာပါပဲ။ ကျွန်မ သိတယ်။ ဖတ်တဲ့သူတွေကလည်း ကျွန်မ ဖျစ်ညှစ်ရေးရင် ချက်ချင်းကို သိမှာပဲ။ အဲဒီတော့ ရေးဖို့ကို အားမထုတ်တော့ပါဘူး။ ဒါပေမဲ့ ဟိုတလောကတော့ ကံကောင်းစွာနဲ့ စိတ်နည်းနည်း အနားရလို့ ရေးချင်စိတ် ဝင်နေတုန်းမှာ မပျင်းမရိ အပြီးသတ်လိုက်ပါတယ်။
အမှန်ကတော့ ထပ်ထည့်ချင်သေးတာပါ။ ဒါပေမဲ့ အကြောင်းအရာက အရမ်းပိုသွားမှာကြောက်တာကြောင့် လောလောဆယ် ၁၁ပိုင်းနဲ့တင် ရပ်ထားပါတယ်။ ဒါပေမဲ့ သေချာပါတယ်။ နောက်တစ်ခါ editတဲ့အခါကျရင် တစ်ပိုင်းနဲ့တစ်ပိုင်း အဆက်အစပ်ရှိအောင် ဟိုထည့် ဒီထည့်နဲ့ ၂ဆလောက် ရှည်သွားမှာပါ။ အဲဒီကျမှ ရှည်လည်း ရှည်ပေါ့။
အခု လောလောဆယ် ပြဿနာတက်နေတာကတော့ theme မတူတော့တာပါပဲ။ ကျွန်မက အချိန်ခရီးသွားလိုလို ဘာလိုလိုနဲ့ စထားပေမဲ့ အဆုံးသတ်ကျတော့ ပန်းသီးစားတာကြီးနဲ့ ဆုံးထားပါတယ်။ "အဲဒါကို ဟိုးအစကဟာနဲ့ ဘယ်လိုချိတ်ရမလဲ"၊ "ဖျက်လိုက်ရမယ်ဆို နှမြောစရာကြီး" အဲလိုအတွေးတွေနဲ့ ပြည့်နေလို့ နောက်တစ်ခုတောင် ကောင်းကောင်း မစထားနိုင်ပါဘူး။ လောလောဆယ် ဖတ်ပေးမဲ့သူလည်း မရှိတော့ အခက်ကြုံနေပါတယ်။ ကောင်းကောင်းလေး ဖြစ်သွားပါစေလို့ပဲ ဆုတောင်းပါတယ်။
ဒါပြီးရင် "ဆင်ဂလယ်လေဒီ" ဆိုပြီး တန်းလန်းစထားတာကို ပြီးအောင် ဖြတ်ရမှာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ အမြည်းလာတင်ပေးပါ့မယ်။
ကြူးစာများရဲ့ အဆက်အနေနဲ့ နာမည်တော့ မစဉ်းစားရသေးပေမဲ့ relationship တစ်ခု ပျက်စီးတာမျိုးကို ရေးမယ်လို့ စိတ်ကူးထားပါတယ်။ အမလေး ဒါကို ဟိုတစ်ယောက်သိရင်တော့ စိတ်ညစ်နေတော့မှာပါပဲ။ ဪ... ငါ့နှယ် ရူးသွားပြီထင်ပါရဲ့ 🤦♀️🤦♀️🤦♀️
- Get link
- X
- Other Apps
Comments
Post a Comment