Featured post

Gone Girl (Movie Review)

 ဒီနေ့က ပိတ်ရက်ဆိုတော့ ပျင်းပျင်းနဲ့ Gone Girl ထိုင်ကြည့်နေခဲ့ပါတယ်။ ဒီနေ့ နေ့လယ်က ပူလည်း ပူပါတယ်၊ ပျင်းစရာလည်း ကောင်းပါတယ်၊ အဲဒီအချိန်မှာ Gone Girl ထိုင်ကြည့်နေခဲ့ပါတယ်။ 

အမှန်က အဲဒီကားကို အရင်က facebookမှာ ဟိုတစ်ဖြတ် ဒီတစ်ဖြတ် မြင်ဖူးပါတယ်။ အဲဒါကြောင့်လည်း ပိုစိတ်ဝင်စားပြီး ပိုကြည့်ချင်ခဲ့တာပါ။ ဒါပေမဲ့ တကယ်ကြည့်တော့ စိတ်ကျေနပ်သွားတာမျိုး မရလိုက်ဘဲ ခေါင်းကိုက် စိတ်ညစ်၊ နောက် မကြည့်လိုက်ရင်ကောင်းသား ဆိုတဲ့ နောင်တပဲ ရလိုက်ပါတယ်။


သူက အိမ်ရှင်မတစ်ယောက် အကွက်ဆင်ပြီး အိမ်က ထွက်ပြေးတဲ့အကြောင်းပေါ့။ နောက်ဆုံးမှာ လင်မယား ပြန်ပေါင်းထုပ်သွားပါတယ်။ ဒီမှာ သိလိုက်ရတာက ပြန်ပေါင်းထုပ်ကြတိုင်း Happy ending မဟုတ်နေဘူးဆိုတာပါ။ နောက်ဆုံးမှာ (အဲ... ဒါကို ပြောရမှာလား) သူတို့ဘဝကြီးက tvပေါ်က reality showတစ်ခုသာသာ ဖြစ်သွားပါတော့တယ်။ ကာယကံရှင်တွေတော့ ဘယ်လိုခံစားရမလဲ မသိပေမဲ့ ကျွန်မတော့ အတော်ကို စိတ်ကုန်သွားပါတယ်။ 


relationship တစ်ခုမှာ လူတွေ ဘာလုပ်ကြတာလဲ။ ကျွန်မက အဲဒါကို အမြဲသိချင်နေခဲ့တာပါ။ ဖောက်ပြန်တဲ့လူတွေက ဘာလို့ ဖောက်ပြန်ကြတာလဲ၊ တွဲတယ်ဆိုတာက ဘာလဲ၊ ချစ်တယ်လို့ပြောပြီး ဘာလို့ မချစ်တဲ့ အပြုအမူတွေ လုပ်နေကြတာလဲ၊ ဘာလို့များ မိန်းမငုတ်တုပ်ရှိရက်နဲ့ တိတ်တိတ်ပုန်း ဒုက္ခခံနေမဲ့အစား နင်နဲ့ မနေချင်တော့ဘူးပြောပြီး စိတ်ရှင်းရှင်းနဲ့ မနေလိုက်တာလဲ ဒီလိုမေးခွန်းတွေပေါ့။ ဒီကားကြည့်ပြီးတော့ ကျွန်မ အဖြေတစ်ခု ရလိုက်ပါတယ်။ လူမြင်ကောင်းအောင်လို့များလားပေါ့


*Spoiler alert*

Amyက သူ့မိဘတွေ စာအုပ်ရေးပြီး ရောင်းဖို့အတွက် inspirationအဖြစ်၊ real life barbie dollအဖြစ် အသုံးချခံခဲ့ရတာပါ။ ကျွန်မအထင် သူက အဲဒါကို သိပ်ကျေနပ်ပုံမရပါဘူး။ သူကြီးလာတော့ တွဲတဲ့ယောက်ျားတွေကို သူ့စိတ်တိုင်းကျ ခြယ်လှယ်ပြီး အမျိုးမျိုးဇာတ်တွေ ဖန်တီးပါတော့တယ်။ သူဖန်တီးသမျှ ဇာတ်တွေမှာ တူညီတာတစ်ခုကတော့ လူများအမြင်မှာ သနားဖွယ်၊ ဇာတ်နာလို့ စာနာဖွယ်ဇာတ်ကောင်ဟာ Amy ဖြစ်နေတာပါပဲ။ 


အဲလိုပြောလို့ သူ့ယောက်ျားက ကောင်းတယ် မဆိုလိုပါဘူး။ သူဟာလည်း လင်မယားနှစ်ယောက်စလုံး အလုပ်ပြုတ်လို့ ဘူနေချိန်မှာ ဂိမ်းတွေဝယ်ပြီး ထိုင်ဆော့နေတယ်။ ဟော... အဲဒီ့ယောက်ျားရဲ့ အမေ ကင်ဆာဖြစ်လို့ အိမ်ပြောင်းရချိန်မှာ သူ့မိန်းမတစ်ယောက် ဒီနေ့ရာမှာ အသိမရှိ ဘာမရှိနဲ့ အဆင်ပြေမလား မပြေမလား မတွေးဘူး ဖောက်ပြန်တယ်။ အဲဒါက မလွန်ပေဘူးလား။ 


နောက်ဆုံး Amyက ပြန်လာပြီး သူ့ယောက်ျားကို မျိုးစုံ ခြယ်လှယ်နေတာတွေ့တော့ သနားလည်း သနားသလို ရယ်လည်း ရယ်ချင်သွားပါတယ်။ "ဪ.. ဖြစ်ရလေ nickရယ်" လို့ပေါ့။ Amy ခြယ်လှယ်တယ်ဆိုတာကတော့ သူတို့ လင်မယားနှစ်ယောက်စလုံး မီဒီယာတွေရှေ့မှာ အရမ်းချစ်ခင်ပြီး အလွန်ကို အဆင်ပြေနေတဲ့ လင်မယားအဖြစ် နေပြရတာပါပဲ။ သေချာပါတယ် nickစိတ်ထဲမှာတော့ တော်တော်ကြီးကို အန်ချင်နေမှာပါပဲ 😂😂။ မတတ်နိုင်ဘူးလေ လူမြင်ကောင်းတာကြိုက်တဲ့ မိန်းမကို ယူထားမိတာကိုး


Comments