Featured post

ပိုက်ဆံရတာ ကုန်ဖို့

အရင် entryနဲ့ ဒီentryကြားမှာ အချိန်တော်တော်ခြားသွားပါတယ်။ ဘာလို့လဲဆို 

  • မအားလို့
  • နောက်တစ်ခုက laptopပျက်နေလို့။
  • သူများအိမ်မှာ သွားနေရတာလည်း ပါမယ်ထင်ပါတယ်။
ဟီးဟီး.. ၂၀၂၄နှစ်စ ဇန်နဝါရီလကုန်တော့ လစာရပါတယ်။ ဒီလစာက ကျွန်မ ရခဲ့သမျှထဲမှာ အများဆုံးပါပဲ။ အဲဒါနဲ့ ဘောင်ဘောင်ကိုလည်း ကန်တော့မယ်၊ အမေကိုလည်း နည်းနည်းပေးမယ်၊ ဖီးဖီးကိုလည်း ပေးမယ် ဘာညာ ဝေစုချထားတုန်းပဲရှိသေး laptopက ပျက်ပါလေရော။ အဲဒီတော့ ပြင်ရတာပေါ့။ အဲဒါနဲ့ တစ်သိန်းကျော်ပြုတ်ရော။ ကျွန်မလက်ထဲမှာ ၉သောင်းပဲ ကျန်ပါတော့တယ် 🥹။

ဒါလောက်ကုန်တာနဲ့ မပြီးသေးပါဘူး။ 
မီးပြတ်ချိန် စာသင်တဲ့အခါ ကိုယ့်ကို ကောင်းကောင်းမြင်ရအောင် မီးသီးလည်း ဝယ်ရမယ်
ဘောင်ဘောင်တို့ အမေတို့ အော်ချင်တိုင်းအော် zoomထဲကို အသံမဝင်ရလေအောင် noise cancellationပါတဲ့ နားကြပ်လည်း ဝယ်ရမယ်
ဟော.. အားသွင်းဖို့ power stationလိုမျိုးလည်း ဝယ်ရမယ်

ဪ... ဘုရား ဘုရား။ လစာတိုးတယ်ဆိုပြီး ပျော်နေလို့လည်း မရ။ လာလတ္တံ့သော လစာတို့သည် ကိုယ့်အတွက် မဟုတ်လေကုန်၊ ကုန်လတ္တံ့သော ကုန်စရာတို့အတွက်သည်သာ ဖြစ်ချေသည်တကား...


Comments