Featured post
- Get link
- X
- Other Apps
နှစ်သစ်ဖြစ်လာတာ ၉ ရက်မြောက်ပါပြီ။ ကျွန်မမှာလည်း နောင်တက ၉ခုလောက် ရနေပါတယ်။ ကိုးနဝင်းကြေတာပေါ့လေ။
ပထမတစ်ခုက အလုပ်။ CV မှာ ရေးရင် ကောင်းကောင်းလေး ဖြစ်အောင်၊ လူလည်း စိတ်ရှုပ်သက်သာအောင် ဆိုပြီး ဒီမှာ စာချုပ် ချုပ်လိုက်ပါတယ်ဆိုမှ ဒီနေ့ အိမ်ပြန်ခါနီးမှာ ဆရာမတွေကို ဝန်ပိအောင် ခိုင်းကြောင်း၊ တစ်ခုခုဆို ရောအဆူခံရကြောင်း၊ ပြီးရင် လုပ်ရတာနဲ့ လစာနဲ့ကလည်း မတန်ကြောင်း ဘာညာ တွေ သိရတော့ စိတ်ညစ်ရပါတယ်။ ပြီးတော့ ဒီမှာ လက်မှတ်ထိုးလိုက်မိတာကို နောင်တ ရသွားတာပဲ။ စဉ်းစားကြည့်နော် ၃နှစ်တောင်။ ၃၆လကြီးများတောင်။ ဒီအတွင်းမှာ rankတက်အောင် မလုပ်နိုင်ရင် နင်းပြားဖြစ်မှာ။ rankက တဟုန်ထိုးတက်လို့လည်း မဖြစ်သေးဘူး။ တော်ကြာ coworkersတွေက မကြည်ဖြစ်ရင် ပိုဆိုးမယ် 🥲
နောက်တစ်ခုက နှုတ်ခမ်းနီ။ ဒီနှစ်စမှာ အညိုရောင်ကို စမ်းဆိုးကြည့်မယ်ဆိုပြီး အညိုဖျော့ဖျော့တစ်ချောင်း ရှာပါတယ်။ အဲဒီဟာက vegan, cruelty free ဆိုတော့ ကျွန်မ စိတ်ဝင်စားသွားတာပေါ့။ နောက် ဝယ်ပြီးမှ သူ့အရောင်က ကျွန်မလိုချင်တာထက် တော်တော်ရင့်နေတာ သိလိုက်ရပါတယ်။ (ဒါတောင် သူများဆိုးတဲ့ပုံတွေ လိုက်ရှာကြည့်ထားတာနော်) ဟာ.. ပြန်လဲလို့လည်းမရ၊ သူက အရောင်ရင့်ဆိုတော့ ဘယ်ဟာနဲ့ရောဆိုးရမှန်းလည်း မသိဆိုတော့ တော်တော်နောင်တရနေပါတယ်။
နောက်တစ်ခုက ရည်းစား။ ရည်းစားထားရတာ အင်မတန် အလုပ်ရှုပ်ပါတယ်။ အိုး.. ခဏလေး။ အခုဟာက မရည်းစားတရည်းစားဆိုတော့ ပိုရှုပ်ပါတယ်။ ညဘက်အားရင် စကားသွားပြောရတာနဲ့ (စာပို့တာတောင်မဟုတ်)၊ ရုပ်ရှင်တူတူကြည့်ရတာနဲ့၊ အမလေး... ကိုယ့်တစ်ယောက်တည်းတုန်းက လုပ်ချင်တာ လုပ်လို့ရသလိုပဲ။
နောက်ရတာတွေကိုတော့ အထူးတလှယ် ပြောမနေတော့ပါဘူး။ တချို့ဟာတွေဆို မေ့တောင် မေ့သွားပါပြီ။ အခု လုပ်စရာကျန်တာက နောက်ကို နောင်တမရအောင် ကြိုရှောင်ဖို့ပဲ ရှိပါတော့တယ်။ အင်း...
Comments
Post a Comment