Featured post
- Get link
- X
- Other Apps
အရင်တစ်နေ့ကပဲ ပြောခဲ့ပါတယ်။ "ဒီနှစ်တော့ ဘာမှတော့ သတ်သတ်မှတ်မှတ်ကြီး မထားဘဲ ဒီအတိုင်းလေးပဲ စီးမျောသွားတော့မယ်" ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ဒီနေ့တော့ အဲလိုကြီးနေတာ မကောင်းဘူးဆိုတာ သိလိုက်ပါတယ်။ ဘယ်လိုပြောရမလဲ... ဦးတည်ရာ မဲ့နေသလိုမျိုးပေါ့။ မကောင်းဘူး။ စိတ်လေတယ်။
ခါတိုင်းဆိုရင်တော့ "စိတ်လေတယ်" ဆိုတဲ့စကားကို ဒီတိုင်း ပေါ့ပေါ့လေးပဲ ပြောခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့မှာ "စိတ်လေတာ" က အမှန်တကယ်မှာ ဘယ်လိုလဲဆိုတာ သိသွားသလိုပါပဲ။ တစ်ခုခုကို လိုအပ်နေသလိုမျိုးကြီး၊ ဒါပေမဲ့ ဘာကို လိုနေမှန်းလည်း မသိဘူး၊ အခုအခြေအနေက နေရထိုင်ရ အဆင်မပြေဘူးလားဆိုတော့လည်း မဟုတ်ဘူး၊ ဒါပေမဲ့ကို အော်ဟစ်ပြီး နေလိုက်ချင်တယ်။ ပိုပြီး နားလည်သွားအောင် ကျွန်မ တစ်နေ့လုံး ဘာလုပ်လဲဆိုတာ ရေးပြပါ့မယ်။
ဒီနေ့တစ်ရက်လုံး ကျွန်မက အိပ်နေခဲ့ပါတယ်။ မနက်နိုးတော့ manga ဖတ်တယ်။ ပြီးတော့ မုန့်တီစား၊ ဈေးသွား၊ အမေပြောလို့ သူ့ဟာကို နည်းနည်းပါးပါးကြည့်၊ ပြီးတော့ manga ထပ်ဖတ်၊ မျက်စိညောင်းတော့ အိပ်၊ နိုးတော့ ဖုန်းကိုင် manga ဖတ်၊ ပြီးတော့ စာသင် (အလုပ်လုပ်တယ်ပေါ့) အခုကျ ဘာလုပ်ရမှန်းမသိတော့ သီချင်းဖွင့်ပြီး ဒီရောက်လာပါတယ်။
စိတ်မလေအောင် ဘာလုပ်ရမလဲ...ဦးတည်ချက် တစ်ခုခုတော့ ထားရပါမယ်။ နိုင်ငံခြားက အခုမသွားဘူးဆိုလည်း အဲဒါကိုတော့ မေ့ထားလို့ မရဘူး ထင်ပါတယ်။ (ကျွန်မ အလုပ်ရှင်နဲ့ စကားပြောတုန်းက ကျွန်မရဲ့ ရှေ့ဆက်မဲ့ အစီအစဉ်တွေထဲမှာ research လုပ်မယ်၊ စနစ်ကို ပြောင်းလဲမယ် ဘာညာ ထည့်ပြောပါတယ်။ သူက အဲဒါကို သူက သိပ်ကြိုက်ပုံမရပါဘူး။ ပြန်စဉ်းစားဦး ဘာညာ နဲ့ ပြောပါတယ်။ အဲဒီတော့ ကျွန်မလည်း အဲဒါကို ခဏမေ့လိုက်မလားလို့ပေါ့။) ဒါပေမဲ့ မေ့လိုက်ရင် အခု လုပ်နေတာဟာ အကုန် အဓိပ္ပာယ်မဲ့သွားမှာ။ ကျွန်မ ဘာလို့ ပိုက်ဆံရှာနေရတာလဲ... နိုင်ငံခြားသွား ကျောင်းတက်ရင် အိမ်ကလူတွေ စားစရာ ရှိနေဖို့၊ ကျွန်မ ကျောင်းစရိတ်အတွက် ကာမိဖို့လေ။ ဒီတော့ ဒီနှစ်မှာ အာရုံစိုက်ရမဲ့ goals နည်းနည်း ချကြည့်ပါ့မယ်။
ဒီနှစ်မှာ
- tesol နဲ့ tkt ပြီးရမယ်၊
- ဝင်ငွေ ၁၀အထက် ရှိရမယ်၊
- မြေညီထပ်ကို ပြောင်းနိုင်ရမယ်
- စက်ရုပ်ဝတ္ထု ပြီးရမယ်။
- Get link
- X
- Other Apps
Comments
အံမယ်.. အလုပ်ရှင်ပြောတာနဲ့ ကိုယ့်ရည်မှန်းချက်ကို ဘာလို့မေ့ရမှာလဲ? သူက ငါ့အမေလား?
ReplyDelete