Featured post

ဘာမှန်းမသိ

 အခုတလော အရမ်းကို ပင်ပန်းပါတယ်။ ကိုယ်ပင်ပန်းတာထက် စိတ်ပင်ပန်းတာပေါ့။ အဲဒါက တွေ့သမျှလူနဲ့ လိုက်နှိုင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အတိတ်ကိုပဲ လှည့်တမ်းတနေလို့လည်း ဖြစ်နိုင်ပါတယ်။ စိတ်ပင်ပန်းတာက ဘယ်မှာပေါ်လဲဆို စကားပြောတာမှာ ပေါ်တာပဲ။ အဆက်အစပ်မရှိတဲ့ စကားတွေ ပြောတယ်၊ စကားပြောရင် လျှာလုံးနေတယ်၊ တချို့အချိန်တွေဆို ဘာပြောရမှန်းကို ခေါင်းက စဉ်းစားလို့ မရတော့ဘူး။ လူက ငိုလည်း ငိုချင်တယ်၊ ဒါပေမဲ့ ဘာကို ငိုချင်နေမှန်းလည်း မသိဘူး။ ကလေးတွေလိုပေါ့ အလိုမကျ ဖြစ်နေတာ၊ ဒါပေမဲ့ ဘာကို လိုချင်လဲဆိုတာတော့ ရေရေရာရာမသိဘူး။ 


ဒီလိုမဟုတ်ဘဲ level headed အခြေအနေကို ရောက်အောင် ဘာလုပ်ရမလဲ။ どうすればいいの?助けてください。

Comments