Featured post

အေးအေးဆေးဆေး နားနားနေနေ



 ဒီတလောမှာ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရပါတယ်။ ခေတ်ပျက်နေတော့ ရနိုင်သမျှ ရအောင် ရှာရတာပေါ့။ နောက် ဘယ်ချိန်ထိ အလုပ်လက်မဲ့ ဖြစ်သွားမလဲ မသိနိုင်ဘူးလေ (စစ်ဖြစ်လို့ ပြေးရရင် ဖြစ်ဖြစ်၊ ဒါမှမဟုတ် အပြင်မထွက်ရဲတော့တာ၊ အင်တာနက် မရတော့တာဖြစ်ဖြစ်ပေါ့) 


အခု ဖြစ်နေပုံက 

မနက် ၇နာရီလောက် အိပ်ရာကထ၊ ဖုန်းကြည့်၊ ကွေကာအုပ်ဖျော်၊ ပြီးရင် အလုပ်စားပွဲကို ပြေး

မချိမဆန့် လုပ်၊ နေ့လယ်စာစားချိန်ကျတော့ လုစား၊ တခါတလေကျတော့လည်း ရုပ်ရှင်ကြည့်ရင်းစား၊ 

ပြီးရင် အလုပ်ဆက်လုပ်၊ မီးမလာရင် EPC ကို ကျိန်ဆဲ၊ စိတ်လေပြီး fb ထိုင်ကြည့်၊ ဒါမှမဟုတ် စာမျှော် 😂😂

ညနေနာရီဝက်လေးရတုန်း ဖီးဖီးအိမ်သာအိုး ပြေးသွန်၊ ရေချိုး၊ ထမင်းအဆင်သင့်ရှိရင် စား

ညနေ ၅နာရီကျော် ၆နာရီကနေ ၉နာရီခွဲအထိ ထိုင်ပေရော့

ညနေ ထမင်းမစားရသေးရင် စား၊ tesol လုပ်၊ စာနည်းနည်းဖတ်၊ discord ထဲဝင်၊ တစ်ချို့နေ့တွေဆိုရင်တော့ ရုပ်ရှင်ကြည့်၊ ဒါမှမဟုတ် ကွန်ပျူတာကြီး ဖွင့်လျက်နဲ့ အိပ်ပျော်သွား...

မနက်ကျရင် ဇက်နာပြီး နိုးလာ၊ အားကို အပူတပြင်းသွင်း..အလုပ်လုပ်

အဲလိုနဲ့ပဲ သွားနေပါတယ်။ ဆိုတော့ ဒီလို အေးအေးဆေးဆေး blog ထိုင်ရေးနေဖို့က အချိန်မရှိပါဘူး။ အဲဒီတော့ တစ်နေ့ တစ်နေ့ကို လူက အီလည်လိုက်ပြီး စိတ်လေးလံပါတယ်။ အင်း... ဒီလို နားချိန် အားချိန်မရှိဘဲ တရစပ်လုပ်နေရသူတွေက နောက်ဆုံးမခံနိုင်တော့ သေသွားကြတာနေမှာပေါ့။ (အမှန်ဆို ကျွန်မလည်း ဒီအချိန်မှာ စာသင်နေရမှာပါ၊ အခု ကျောင်းသားက နေမကောင်းလို့သာ ဒီမှာ လာရေးနိုင်တာ။ မနက်စာလည်း မစားရသေးပါဘူး 🥲🥲)

ဒီစာကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

"ကျွန်မလေ သန်းကြွယ်သူဌေးလည်း မဖြစ်ချင်တော့ဘူး။ ဝေဿန္တရာလိုလည်း အလှူမပေးချင်တော့ဘူး။ ကိုယ့်ဟာကိုယ်တော့ သတ်မသေဘဲ နေချင်တယ်။ နေရတဲ့ အတိုင်းအတာလေးမှာ ရှိနေတဲ့ အချိန်လေးကို တန်ဖိုးထားပြီး ဖြည်းဖြည်းအေးအေးဆေးဆေး နေချင်တယ်" ဆိုပြီး သီလရှင် ဝတ်သွားလေသတည်း။ 🤣🤣

အင်းလေ။ လူဖြစ်နေမှတော့ ဖီးဖီးတို့ ဘောင်ဘောင်တို့ကို ထောက်ပံ့ဖို့၊ သားသမီးတွေ အဆင်ပြေဖို့ လုပ်ရကိုင်ရဦးမှာပဲ။ မတတ်နိုင်ဘူး။

Comments