Featured post
- Get link
- X
- Other Apps
Love is a rainbow က သူများရေးတဲ့စာကို ဖတ်ပြီး စိတ်ကူးပေါ်လာလို့ အပြန်အလှန်အနေနဲ့ သူဖတ်ဖို့ ရည်ရွယ်ပြီး ရေးပေးတာ ဖြစ်ပါတယ်။ သူ့စာက တော်တော်ချစ်စရာကောင်းပါတယ်။ အဲဒီတော့ ကျွန်မလည်း ချစ်စရာကောင်းတဲ့စာ ရေးချင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဉာဏ်နီဉာဏ်နက်များတဲ့ စုတ်ဖွားယုန်တစ်ကောင် 😼😼က ထုံးစံအတိုင်း ဉာဏ်နီဉာဏ်နက်များဖို့ ကြိုးစားရာကနေ အသွားမတော်တစ်လှမ်းမှာ ခြေခေါက်လဲသွားပုံပေါ့😿😿။ 🤣🤣 (သူများတော့ မသိဘူး။ ကျွန်မတော့ တွေးကြည့်တာနဲ့တင် squeal ချင်နေတာနော်။ အရမ်းချစ်စရာကောင်းလို့)
ကျွန်မရဲ့ ဇာတ်လမ်းတွေအတိုင်း ဒီဟာကလည်း တကယ့်လူတွေအပေါ်မှာ အခြေခံထားတာပါ။ ယူထားတာက အရမ်းများတော့ လူအနေနဲ့ရေးရင် အရမ်းသိသာနေမှာမို့ တိရစ္ဆာန်ပုံပြောင်းပြီး ရေးရပါတယ်။ အကြမ်းပြီးသွားတော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ဟုတ်လှပြီ မှတ်ပါတယ်။ နောက်ပြန်ဖတ်ရင်း ပြန်ဖတ်ရင်းနဲ့မှ တကယ့်ပြဿနာက ပြူးလို့ ပေါ်လာတာပါပဲ။ စာနဲ့ မရေးဘဲ emoji နဲ့ ရေးထားတာတွေပေါ့။ 😬😬 အဲဒီကတစ်ဆင့် သိလိုက်ရတာက ကျွန်မဟာ မျက်နှာအမူအရာတွေကို မြင်ယောင်လာအောင် သရုပ်ဖော်တာမှာ တော်တော်အားနည်းတယ်ဆိုတာပါပဲ။ အင်းလေ.. ဘယ်လိုရေးရမှန်းမသိတော့လို့ emoji တွေ ထည့်ပစ်တာပေါ့။ အဲဒီဟာကို ကျွန်မရဲ့ လက်တစ်ဆုပ်စာ အစမ်းဖတ်ပေးကြသူတွေကို လိုက်ပို့တော့ feedback က မျိုးစုံ ရပါတယ်။ "ချစ်စရာကောင်းတယ်" ဆိုတာမျိုး ကနေ "pace က အရမ်းမြန်တယ်။ ဘာတွေပြောမှန်း မရှင်းလင်းဘူး" ဆိုတာတွေအထိပေါ့။ အဲဒါကြောင့် သူတို့ပြောတဲ့ အချက်တွေကို လိုက်ရှာပြင်ရင်း ထပ်ထည့် ထပ်ချဲ့လိုက်တာ စကားလုံးရေ ၅၀၀ လောက်ကနေ အခုဆို ၃ ဆ လောက် ပိုရှည်သွားပြီး ပိုလည်း တည်ငြိမ်တဲ့စတိုင်ပြောင်းသွားပါတယ် (ထင်တာပဲ) ဒါပေမဲ့ သူ့ကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကတော့ စဉ်းစားလို့ မရသေးပါဘူး။ ကိစ္စမရှိပါဘူးလေ... နောက်ကျ ပေါ်လာမှာပေါ့ အေးဆေး။
Comments
Post a Comment