Featured post

ပင်စင်ယူပြီးရင် ဘာလုပ်မလဲ

 လူတိုင်းမှာ ပင်စင်နဲ့ပတ်သက်လို့ အတွေးတစ်ချို့တော့ ရှိကြမှာပါ။ အသက်ဘယ်လောက်ကျရင်တော့ အနားယူမယ်၊ ကမ္ဘာပတ်မယ်၊ သစ်ပင်စိုက်မယ်၊ ဘာညာသာတကာပေါ့။


ကျွန်မမှာလည်း ရှိပါတယ်။ ကျွန်မကတော့ စောစောပင်စင်ယူမယ် စဉ်းစားတယ်။ စောနိုင်သမျှစောစော။ ပြီးတော့ အဲဒီ့အချိန်ကျရင် ဘယ်သူမှ မသိအောင် နေဖို့လည်း စဉ်းစားတယ်။ ဘယ်သူ့ကိုမှ တာဝန်မယူရအောင်၊ ပြီးတော့ ဘယ်သူ့ကိုမှ တာဝန်မပေးရအောင်... 


အကြံက ဒီလို။ ကျွန်မက အလုပ်လုပ်မယ်ဆိုပြီး အမေတို့ မရှိတဲ့ တစ်နေရာကို ထွက်သွားမယ်။ တစ်လ နှစ်လ သုံးလ၊ သူတို့ နေသားကျသွားတဲ့အချိန်ထိလောက် အဆက်အသွယ်လုပ်မယ်။ ပြီးရင် ကိုယ့်အိမ်မှာ ကိုယ့်ဘာသာကိုယ် ဆိတ်ဆိတ်ငြိမ်ငြိမ်လေး သေမယ်။ 


this is, by no means, encouraging or reinforcing you to do the same (seek your death earlier than what it should be). I am just stating what i feel and what i would do; i can at least do that, right? right? 


ဒီဟာက ကျွန်မ ငယ်ငယ်ရွယ်ရွယ်နဲ့ သေမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်မအခြေအနေနဲ့ အသက် ၃၀မကျော်ခင် နိုင်ငံခြားကို အလုပ်နဲ့ သွားနိုင်မယ်လို့ မထင်ဘူး။ ကျွန်မက တအားကို ညံ့တာလေ စာမှာရော တခြားသော လူကြားကောင်းမဲ့အရာမျိုးတွေမှာရောပေါ့ 🤣 ကျွန်မက အမေတို့ကို ဒီတိုင်း ထားခဲ့ဖို့ကျတော့လည်း တာဝန်မကျေသလို ခံစားရတယ်။ ဒီတော့ သူတို့ကောင်းကောင်းနေလို့ ရလောက်မဲ့ အိမ်တစ်လုံး၊ ဟိုသွားဒီသွားရအောင် ကားတစ်စီး၊ ဟိုစိုက်ဒီစိုက်ရအောင် ခြံတစ်ခြံ၊ အဲဒါတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်? သူတို့ မပူမပင် စားသောက်နေထိုင်လို့ရအောင် ငွေဝင်လမ်းကြောင်းတစ်ခု ဒါတွေ ရှာပေးခဲ့ရဦးမှာပါ။ အဲဒီတော့ တော်တော်ကို ကြာနိုင်တယ်။ ဒါမှမဟုတ် မဖြစ်တော့တာလည်း ဖြစ်နိုင်တယ် (အမေတို့ သေသွားသည့်တိုင် အဲဒါတွေ ရှိမလာလို့) 


အမှန်ကတော့ ဒီနေ့ ဘူနေတာက ကျောင်းမှာ စာမေးပွဲအောင်စာရင်းထွက်လာပြီး ကျွန်မနာမည် ပါလာလို့ပါ။ အဲဒီတော့ကွာ "ငါတော့ အဆဲခံရပါပြီ။ အပယ်ခံရပါပြီ" ဆိုပြီး ထိုင်ငိုနေသပေါ့။ ကတ်သရင်းမှာ မွေးလာတော့လည်း တစ်ယောက်တည်း၊ ကျောင်းတက်တော့လည်း ဘယ်သူမှမခေါ်လို့ တစ်ယောက်တည်း၊ အလုပ်လုပ်မဲ့အချိန်ရောက်တော့လည်း ဝိုင်းပယ်ကြမှာမို့ တစ်ယောက်တည်း၊ အဲဒီတော့ သေတဲ့အခါကျ ဘာလို့ တစ်ယောက်တည်းမသေရမှာလဲ။ သေလို့သေနေမှန်းမသိအောင် တစ်ယောက်တည်းနေပြီး သေပစ်ဦးမယ်



Comments