Featured post

My Favorite Japanese Artists 3: Yoasobi

 Yoasobi ကို ကြားဖူးပါသလား. . .


မကြားဖူးဘူးဆို အခုပဲ ကြားဖူးလိုက်ပါတော့။ Yoasobi ဆိုတာ YouTube Music Artist Spotlight အစီအစဉ်မှာ ပထမဆုံး ဖော်ပြခြင်းခံရတဲ့ ဂျပန်အနုပညာရှင်အတွဲပဲ ဖြစ်ပါတယ်။




ကျွန်မက "အတွဲ" လို့များ ပြောလိုက်မိသလား... ဟုတ်ကဲ့ သူတို့က Ayase နဲ့ Ikura ဆိုပြီး artist နှစ်ယောက်ပေါင်းထားတဲ့ အတွဲဖြစ်ပါတယ်။ 


Yo (ru) + Asobi  = Yoasobi

ညဘက်လို့ အဓိပ္ပာယ်ရတဲ့ Yoru ရဲ့ Yo၊ ကစားတယ်/တီးခတ်တယ် (စန္တယား ဘာညာ) လို့ အဓိပ္ပာယ်ရတဲ့ asobi တို့ပေါင်းပြီး 夜遊 (ヨアソビ)ဖြစ်လာတာပါ။ 

အများစုကတော့ သူတို့ကို yoruni kakeruနဲ့ စသိကြပါတယ်။


ဒါပေမဲ့ ကျွန်မကတော့ သူတို့ကို Gunjo နဲ့ စသိတာ ဖြစ်ပါတယ်။


နောက် သူတို့ channelထဲ ဝင်ကြည့်တော့မှ အိုး... ရတနာတွေ သွားတွေ့တာပါပဲ။ အထူးသဖြင့် 



သူတို့ နောက်ဆုံး ဝက်ဝက်ကွဲအောင်မြင်တဲ့သီချင်းကတော့ アイドル


တစ်ချို့တွေကတော့ ဒီသီချင်းက yoasobi စတိုင်နဲ့မတူလို့ မကြိုက်ကြပေမဲ့ ကျွန်မကတော့ အတော်ကြိုက်ပါတယ်။ 


Oh...သူတို့က ဝတ္ထုတွေကို သီချင်းအဖြစ် ပုံပြောင်းတယ် ဆိုတာကိုရော ပြောပြီးပြီလား 🤩🤩

ကျွန်မက live performancesတွေကို ဆူညံလို့ မကြိုက်တတ်ပေမဲ့ သူတို့ပွဲကိုတော့ ရောက်အောင်သွားမှာ ဖြစ်ပါတယ်

Comments