Featured post
- Get link
- X
- Other Apps
ဒီနွေရာသီတုန်းက အမေ့ကို ကူပေးတာအပြင် ကြိုးကြိုးစားစား လုပ်နေခဲ့တာ ရှိပါတယ်။ အဲဒါကတော့ microsoft edge နဲ့ သစ်ပင်စိုက်တာပါပဲ။ ကမ္ဘာကြီးပူနွေးမှုက အတော်ကို ဆိုးလာပါပြီ။ ကျွန်မနေတဲ့အိမ်က အပေါ်ဆုံး ငါးလွှာ၊ ပြီးတော့ အဲယားကွန်းက မရှိ၊ နေတဲ့ ရပ်ကွက်မှာလည်း သစ်ပင်က ရှား၊ လူက များ ဆိုတော့ အတော်ကို ပူပါတယ်။
ဒီတော့ နွေအပူဒဏ်ကို ဘယ်လိုရှောင်ကြလဲ..
စောင်တွေ ရေဆွတ်ပြီး ပြတင်းပေါက်မှာ ကာကြတယ်။ ရှင်တို့ ကြားရင် မယုံချင်ချင်၊ ရယ်ချင်ချင်တောင် ဖြစ်နေဦးမှာ။ လူတိုင်း အဲယားကွန်း တစ်လုံးတော့ ရှိနေတဲ့ခေတ်မှာလေ.. ဟုတ်ပါရဲ့ရှင်၊ တကယ် အဲလိုကို ကာတာပါ။
အဲယားကွန်းက မရှိတာတော့ မဟုတ်။ ကျွန်မတို့အဖြစ်ကို သနားလို့ ဦးလေးက သူ့အိမ်က အဟောင်းကို လာတပ်ပေးတယ်။ ဒါပေမဲ့ ပြဿနာက တပ်ပြီး တစ်ရက်ပဲ ခံလိုက်တယ်၊ ပျက်သွားတာပဲ😬
အဲဒီတော့ ကမ္ဘာကြီး အေးချမ်းဖို့ကို တွေးမိပါတယ်။ ဒီမှာ ခလုတ်နှိပ်ရုံနဲ့ သစ်ပင်တစ်ပင် စိုက်ပြီးသားဖြစ်တယ်ဆိုတော့ ပိုစိတ်ဝင်စားတာပေါ့။ အိုး. . . ဒါပေမဲ့ ကင်ညာမှာတဲ့။ မြန်မာမှာသာ ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ မြန်မာမှာ အဲလိုလုပ်လို့ရတဲ့ ပရောဂျက်တွေရှိရင် လက်တို့ကြပါဦး
Comments
Post a Comment