Featured post

Daily Reflections 9

 27.9.23 (Wed)

Congrats!!!

ပထမဆုံးအနေနဲ့ တရုတ် Webnovel နဲ့ webtoon တွေ မဖတ်တာ ၂ပတ်ရှိသွားလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုချင်ပါတယ် 🥳🥳🎂🎂

ဒါတွေမဖတ်တော့ စာလုပ်ဖို့ အချိန်ပိုရ၊ အိမ်ကိုကူဖို့ အချိန်ပိုရ၊ အိပ်ဖို့ အချိန်ပိုရပါတယ်။ 

Spy x Family is coming out on October 7th!!



နောက်တစ်ခုကတော့ နောက်လမှာ Spy x Family season 2 ထွက်တော့မှာမို့ ကြိုတင်ရင်ခုန်နေပါတယ်။ သူ့ဇာတ်လမ်းလေး ချစ်စရာကောင်းတာက တစ်ကြောင်း၊ ဇာတ်ဝင်သီချင်းဆိုမဲ့သူတွေက Ado နဲ့ Vaundy တွေဖြစ်လို့ တစ်ကြောင်းပါ။ (Ado နဲ့ Vaundy တို့က ကျွန်မတော်တော်ကြိုက်တဲ့ ဂျပန်အဆိုတော်တွေပါ) 

စောစောက အိပ်ငိုက်ငိုက်နဲ့ နားမလည်တဲ့ seminar တစ်ခုကို တက်နေခဲ့ပါတယ်။ အဲဒီတော့မှ "ဪ.... ငါဟာ စကြဝဠာရဲ့ အမှုန်တစ်မှုန်လေးသာ ဖြစ်ပါလား"လို့ တွေးမိလာပါတယ်။ (ညဘက် သောက်ရအောင်ဆိုပြီး လက်ဖက်ရည် - နို့နဲ့ဖျော်တဲ့ ဗမာလက်ဖက်ရည်မဟုတ်ဘဲ လက်ဖက်အချိုခြောက်ကို ပျားရည်ထည့်ထားတဲ့ လက်ဖက်ရည်ချို- သောက်နေပေမဲ့လည်း ပိုတောင် အိပ်ချင်လာသလိုပါပဲ) အဲဒါ youtube ဖွင့်လို့ spy x family trailor ကြည့်လိုက်မှ မျက်လုံးပြူးသွားပါတော့တယ်။ Lol

ကလေးလေးလို ပြန်ဖြစ်သွားတဲ့ ဘောင်ဘောင်

ဘောင်ဘောင်ရဲ့ ခြေထောက်အခြေအနေက အရင်ကထက် ပိုဆိုးလာပါတယ်။ အရင်က ခြေထောက်ထုံတာတောင် အိမ်ထဲမှာ လမ်းလျှောက်လို့ ရပါသေးတယ်။ အခုတော့ အိမ်သာသွားတာတောင် သွားလို့ မရတော့တာကြောင့် ဒိုင်ပါဝတ်ထားရပါတယ်။ ကဲ... ကျွန်မတို့ ကလေးတုန်းက သူတို့ ပြုစုခဲ့ရလို့ သူတို့ အိုလာရင် ပြန်ပြုစုရမယ်ဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ ဒါကကျ အရမ်းမစောလွန်းနေဘူးလား ဘုရားသခင်ရယ်🙂

ဒီနေ့

  • ielts practice test ဖြေတယ်
  • ဈေးသွားတယ်
  • စာရေးတယ်

Comments