Featured post

Daily Reflections 8

 26. 9. 23 (TUE)


ပင်စင်ထုတ်ခြင်း

ဒီနေ့ကတော့ ဘောင်ဘောင်တို့ကို ပင်စင်ထုတ်ဖို့ လိုက်ပေးရပါတယ်။ ဘောင်ဘောင်က ၁နှစ်သားကလေးလောက်တောင် လမ်းမလျှောက်နိုင်ပါဘူး။ သူက တုတ်ကောက်တစ်ချောင်းနဲ့ ထောက်တဲ့အပြင် လူတစ်ယောက်က သူ့ကို နောက်တစ်ဖက်ကနေ ကိုင်ထားရပါတယ်။ (ဒီလိုဆိုတော့ လမ်းလျှောက်ကွင်းထဲမှာ သွားနေတဲ့ ကလေးနဲ့ ဘာထူးလို့လဲ) အဲဒါလည်း သူ့ဟာသူပင်စင်ထုတ်မယ်ပဲ တစ်ပြားမှ မလျှော့ဘူး။ ဟိုပင်စင်ရုံးမှာက လူက အပြည့်ပဲ။ မီးက ပြတ်နေလို့ မီးစက်ထွန်းထားတာကလည်း ကွန်ပျူတာသုံးလို့ရရုံပဲ လုပ်ထားပါတယ်။ အထဲမှာ မှောင်ကမှောင်၊ လေကမဝင်၊ အမလေး မူးလဲလိုက်မဲ့ဖြစ်ခြင်း။ အဲဒီတော့ ဘောင်ဘောင်ကို အပြင်မှာ ထားခဲ့ပြီး ကိုယ်က ဝင်တန်းစီရတာပေါ့။ အမလေး အဘိုးကြီးအဘွားကြီးတွေမို့ တန်းစီတာ အလျှော့ပေးမလားလို့ မထင်နဲ့နော်။ သူတို့က ကိုယ်တွေထက်တောင် ပိုဆိုး။ တစ်ခုခုဆို "ဟဲ့ ဒါ ငါ့နေရာနော် ကြားဖြတ်ဝင်ဖို့ မစဉ်းစားနဲ့" ဆိုပြီး မျက်လုံးနဲ့ ခြိမ်းခြောက်ထားကြပါတယ်။ ၂နာရီလောက်ကြာတော့ ပြီးသွားတယ် ဆိုပါတော့။ ကျွန်မလည်း ကိုယ်သာ အဘွားကြီးဖြစ်ရင် ဆိုပြီး ကြိုတင်ဦးနှောက်ခြောက်ရပါတယ်

နံနံခြား

ဒီခေတ်မှာ လူတိုင်း နံနံခြားကို သွားဖို့ ရုန်းကန်ကြရပါတယ်။ နံနံခြားသွားမှ လူရာဝင်ပါတယ်။ အစက စကားမပြောချင်သလို ပြောချင်သလို လုပ်နေတာ နံနံခြားပြန်လည်းဆိုရော ပြာပြာသလဲ ဖြစ်သွားတာတွေလည်း တွေ့မြင်ဖူးပါတယ်။ အစက ပါမွှားဆိုပြီး မခေါ်မပြောပေမဲ့ နံနံခြားမှာ ကျောင်းတက်တယ်ဆိုမှ "ငါ့အသိလေ" ဆိုတာတွေလည်း တွေ့ဖူးရဲ့။ ဒီတော့ သူများတွေ အသည်းအသန်လုပ်နေချိန် ငပျင်းလေး ကျွန်မကတော့ စကော်လာရှစ်က ကျွန်မရှေ့ရောက်မှ "အိုခေလေ" ဆိုပြီး ထလုပ်မယ်ထင်ပါရဲ့ (စိတ်လေတယ်)

Dou suru?

kimi ga dai kawaii kara dou suru? wakanaiyo!



Comments