Featured post
- Get link
- X
- Other Apps
30. 9. 23 (Sat)
ဒီနေ့တစ်နေ့လုံး လူကိုမြင်ရင် စိတ်တိုနေပါတယ်။ တော်တော်ခက်တယ်၊ အိမ်ကလူတွေက ကျွန်မကို "ထမင်းစားတော့လေ" "ရေမချိုးသေးဘူးလား" တွေ လာပြောရင် များသောအားဖြင့် ပြန်ပြန်အော်ထုတ်ပါတယ်။ "ကိုယ့်ဘာသာကိုယ် အလုပ်မပြီးလို့ စိတ်ညစ်နေပါတယ်ဆိုမှ သူတို့က တစ်မျိုး၊ ကိုယ့်ဟာကိုယ် လုပ်ချင်လုပ်မယ် မလုပ်ချင် မလုပ်ဘူးပေါ့" ဒီလိုမျိုး။
ဒါပေမဲ့ အရင်တစ်ပတ်လောက်ကစပြီး အကြည်ဓာတ်လေးဖြစ်အောင် နေမယ် စိတ်ကူးပါတယ်။ "အဲလိုတွေပြောတာ သူတို့အကျင့်မို့ ပြောတာလေ၊ ကိုယ့်ကို ဘာထိခိုက်နေလို့လဲ။ ပြန်အော်ရင် ကိုယ်လည်း ပိုစိတ်ညစ်မယ် သူလည်း စိတ်မကောင်းဖြစ်မယ်" ဒီလိုပေါ့။ ဒါပေမဲ့ အဲဒါလည်း တစ်ပတ်ပဲ ခံပါတယ်။ ဒီနေ့တော့ ပြန်အော်မိတာပါပဲ။ 🙁
ဒီနေ့က မိုးလည်းအေးနေတော့ အိပ်ရာမှာပဲ ခွေနေချင်ပါတယ်။ ဒါပေမဲ့ တစ်ပတ်လုံး ဝတ်ထားတာတွေက အဝတ်တောင်းမှာ ပုံနေပါပြီ။ (တကယ်ပြောတာ ဒီနေ့မှ မလျှော်ရင် ဝတ်စရာ မရှိတော့ဘူး🥹🥹) အဲဒါအပြင် အိပ်ရာခင်းတွေရော၊ ဧည့်သည် အိပ်သွားတဲ့ စောင်တွေရော လျှော်စရာတွေ တပုံတပင် ထိုင်လျှော်နေရပါတယ်။ ပြီးတော့ google analytics နဲ့ ဟိုကလိ ဒီကလိ၊ ကလိလို့ မကြာခင် ဖီးဖီးကို ထကျွေးရ၊ ဘောင်ဘောင်ကို ထူရ။ စာရေးစားပြီး ငွေရှာမယ် စိတ်ကူးလို့ laptopရှေ့ထိုင်တော့လည်း တစ်လုံးမှ ထွက်မလာ၊ အရင်ဟာကို ပြန်ကြည့်ရေးမယ်ဆိုတော့ သုံးစားမရ 🥲 စိတ်က စပါယ်ရှယ်ညစ်တာ တော်ရုံညစ်တာ မဟုတ်တော့ပါဘူး။
ဪ... ဘုရား ဘုရား ဘာလုပ်ရပါမလိမ့်😓😓
- Get link
- X
- Other Apps
Comments
Post a Comment