Featured post

Daily reflections 1

 13.9.23 (WED)

thoughts

ဒီနေ့ကစပြီး webtoon မဖတ်တော့ပါ။ တစ်ရက်ကို ၅နာရီလောက်က webtoonဖတ်ပြီး အချိန်ကုန်တော့ အလုပ်နဲ့ ကျောင်းစာကို ထိခိုက်တယ်။ (plus, i also spend 2 hours on social media so...)

တစ်ရက်မှာ တစ်နာရီ ၂၄ခါပဲ ရတယ်။ ၈ခါကို အိပ်တယ်၊ ၄နာရီက အသွားအပြန်ကားပေါ်မှာ၊ စားသောက်သန့်ရှင်းကို ၂ခါထား... အသက်ရှင်ဖို့က စုစုပေါင်း ၁၄နာရီလောက် လိုတယ်ပေါ့။

webtoon ၅နာရီ၊ social media ၂နာရီသုံးရင် ၃နာရီပဲကျန်မယ်။ (you see... အဲဒါကြောင့် အချိန်မလောက်ဘဲ ပြေးနေရတာ)

လုပ်နေတာ အချိန်ပိုင်းအလုပ်က ၃ခုလေ၊ တစ်ရက်မှာ အနည်းဆုံး ၄နာရီ ရှိတယ်။ အလုပ်က ဆရာမဆိုတော့ စာဖတ်ဖို့အချိန်ပေးရမယ်။

ဒီအတိုင်းသွားရင်

  • လေ့ကျင့်ခန်းလုပ်ဖို့အချိန် မရှိ
  • တိုးတက်ဖို့ စာဖတ်ချိန် မရှိ
  • စာရေးချိန် မရှိ
  • စာလုပ်ချိန်မရှိ
  • တကယ်လို့ ရည်းစားရရင်တောင် ဒိတ်ဖို့အချိန် မရှိ (နင့်ထက် webtoonကို ပိုချစ်တယ်လို့ ပြောရမဲ့ပုံ 🤣🤣)
So... ဒါကို ပြင်မှ ရပါမယ်။ မပြင်ရင် မဖြစ်ပါ။

ဒီနေ့ ဒီလိုကောင်းတာလေးတွေ လုပ်နိုင်ခဲ့တယ်

  1. Webtoon ဖတ်တာကို အချိန်မီ ရပ်နိုင်လို့ ကျောင်းကို ၅မိနစ်ပဲ နောက်ကျခဲ့တယ်။
  2. မနက်စာ စားတယ်။
  3. စာကို တနင်္ဂနွေကတည်းက ကြိုပြင်ထားတော့ ပြာပြာသလဲ ဖြစ်မနေဘူး
  4. ကားအသစ်စီးပြီး အိမ်ပြန်တာ အဆင်ပြေတယ်

လုပ်ရန်

  1. စာကျက်ရန်
  2. စာကြိုပြင်ရန်
  3. သင်တန်းအတွက် ideaထုတ်ရန်
  4. data upload လုပ်ရန်

Comments