Featured post

Daily Reflection 7

 23. 9. 23 (Sat)

ဘာမှမလုပ်ချင်

ဒီနေ့ကတော့ တစ်နေကုန် အချိန်ဖြုန်းတဲ့နေ့ပါပဲ။ 
မနက် ၆နာရီလောက်နိုးတယ်၊ ဟိုလှည့်ဒီလှည့်နဲ့ ၈နာရီထိုးသွားတယ်၊ 
ဘောင်ဘောင်ချော်လဲလို့ ထူလိုက်၊ သူလုပ်မှာတွေ ကူလုပ်လိုက်၊ အဝတ်လျှော်လိုက်နဲ့ ၁၀နာရီ ခွဲသွား၊ မနက်စာ အဲဒီတော့မှစား
စားရင်း စိတ်ညစ်တယ်ဆိုပြီး buddy daddies ထိုင်ကြည့်၊ စာနည်းနည်းလုပ်
ခုံမှာတင်ရေးရတာ နေရာမရှိဘူးဆိုပြီး (ကျွန်မရဲ့ အလုပ်စားပွဲက အရင်က မှန်တင်ခုံအဟောင်းကြီး ဖြစ်ပါတယ်။ ဘေးနှစ်ဖက်က စာအုပ်နဲ့ drawing tabletတွေ တင်ထားတော့ နေရာလွတ် မရှိဘူး ဖြစ်နေပါတယ်) အိပ်ရာပေါ်ရောက်သွား၊ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်၊ ညနေ ၄နာရီမှနိုး၊ နေ့လယ်စာလွတ် 🥲🥲
အခုလည်း စာတစ်ပိုဒ်ရေးပြီး ဒီမှာ လာယောင်နေပါတယ်။ 😅😅

စိတ်လေလိုက်တာ.............

Starting a business with a stranger

EEEEZZZZ, scary! ဘာမှန်းမသိတဲ့သူတစ်ယောက်နဲ့ small scale business တစ်ခု စဖို့ လုပ်နေပါတယ်။ လုပ်အားတွေ အလိမ်မခံရဖို့တော့ မျှော်လင့်မိတာပါပဲ 😬

Cutting off emotional dependency


တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ အချိန်တွေကို စာရိုက်ရင်း (စာပို့ရင်း) ဖြုန်းပစ်နေတယ်လို့ မြင်လာပါတယ်။ ကျွန်မက
bus ပေါ်မှာလည်း text
စားနေရင်းလည်း text
ဒီလို စာရေးနေရင်းလည်း text
စာလုပ်နေရင်းလည်း စိတ်ကုန်လာရင် text
ဒီလိုနဲ့ ကျွန်မရဲ့ တစ်ခုခုအပေါ် စိတ်ရှည်မှုနဲ့ သည်းခံနိုင်စွမ်းတွေ ကျလာပြီး လူတွေအပေါ် အရမ်းမှီခိုလာပါတော့တယ်။ (ပြီးတော့ ကျွန်မလောက် အမှီအခိုကင်းချင်တာလည်း ကျွန်မပဲနော် 😂) အဲဒါကြောင့် ဒီနေ့တော့ ဒီလို ဆုံးဖြတ်ထားပါတယ်။ "သူက အရင် စာမပို့ရင် သူ့ကို သွားပြီး စာမပို့ဘူး" 
အဲလိုနဲ့ နေ့လယ်ခင်းတစ်ခု ကုန်ဆုံးသွားပါတယ် (အိပ်နေတာကိုး 🙂)
ပြီးတော့ မနေနိုင်ဘူး စာသွားပို့တာပဲ 😭😭
စိတ်ညစ်ပါတယ်ဟယ်

ဒီနေ့အတွက် ကောင်းတာ ၃ခု

၁. နေ့လယ်ဘက် အိပ်နေတာ အချိန်အလကားကုန်တယ်ဆိုပြီး မအိပ်ဖြစ်တာ အတော်ကြာပါပြီ။ ဒီနေ့တော့ ခဏလေးဆိုပြီး မျက်စိပိတ်လိုက်တာ ၄နာရီလောက် အိပ်ပျော်သွားပါတယ်။ လူလည်း အနားရသလို ခံစားလိုက်ရတယ်
၂. အရင်က ရေးပြီးသားတန်းလန်းတွေ လက်စသတ်ပါတယ်။ ပြီးတော့ ဒီမှာ publish လုပ်ပါတယ်
၃. စာအုပ်မှာ အမှတ်တရတွေ စုကပ်ပြီး journalling မလုပ်ဖြစ်တာ အတော်ကြာပါပြီ။ ဒီနေ့တော့ စာကြောင်းမပါတဲ့ ပြောင်စာအုပ်တစ်အုပ် ဝယ်လာပြီး နှစ်ချို့နေတဲ့ ရောင်စုံခဲတံတွေ ပြန်ရှာလို့ journalling ပြန်လုပ်ပါတော့မယ်။ အဲဒီမှာ ဟိုဖြတ်ကပ် ဒီဖြတ်ကပ်၊ ပုံဆွဲ၊ ငွေစာရင်းတွက်၊ ဖန်တီးမှုစွမ်းအားတွေ တက်လာအောင် နှိုးဆွရပါတော့မယ်။

Comments