Featured post

ရည်းစားဖြစ်ရင် ဘာလုပ်ကြတာလဲ🤔

 ဒါက ကျွန်မ သိချင်နေတာ အတော်ကြာပြီဖြစ်တဲ့ မေးခွန်း ဖြစ်ပါတယ်။ ရည်းစားဖြစ်ရင် ဘာလုပ်ကြတာလဲ?


ရည်းစားတွေဆိုတာ ကျွန်မ အထက်တန်းကတည်းက မြင်တွေ့လာတဲ့အရာတွေ ဖြစ်ပါတယ်။ တစ်နေ့ ကောင်မလေးက လက်ရှသွားတာလား ဘာလားမသိ၊ အဲဒါကို ကောင်လေးတစ်ယောက်က တဖူးဖူးနဲ့ လေမှုတ်နေပါတယ်။ ကျွန်မက ကြည့်ပြီးတော့ "သေးသေးလေး ရှသွားတာကို အဲလောက်တောင် လုပ်ဖို့ လိုလို့လား" လို့ မျက်မှောင်ကြုတ်ကြည့်နေတဲ့အချိန် ဘေးနားမှာထိုင်နေတဲ့ သူငယ်ချင်းက "သူတို့နှစ်ယောက်က ရည်းစားတွေလေ" လို့ပြောတဲ့အခါမှ "ဪ" တစ်လုံးပဲ ပြန်ပြောနိုင်ပါတော့တယ်။ (ခေါင်းထဲမှာတော့ question mark တွေ အပြည့်ပေါ့)


So... ရည်းစားတွေက ဘာလုပ်ကြတာလဲ? သူငယ်ချင်းတွေလုပ်တာ၊ ပတ်ဝန်းကျင်မှာ မြင်နေရတာကို ပြောရရင်တော့ 

ဒိတ်တယ်ပေါ့။ 

အိုခေ.. ဒိတ်ရင် ဘာလုပ်ကြတာလဲ။ မုန့်သွားစားတယ်၊ ရုပ်ရှင်သွားကြည့်တယ်၊ လျှောက်လည်တယ်တဲ့။ ဟင်.. နေပူကျဲတဲမှာ ပူကပူ အိုက်ကအိုက် ပိုက်ဆံကလည်းကုန် မသွားချင်ပါဘူး။

လက်ဆောင်ဝယ်ပို့ပေးတယ်

ကောင်မလေးကနေ "ကိုကိုရေ... မီးဒါလေးလိုချင်တယ်" လို့ပြောတဲ့အခါ ကောင်လေးက ဝယ်ပို့ပေးရသတဲ့။  ဒါတင်မက မွေးနေ့လက်ဆောင်ဆိုပြီး အမွေးပွအရုပ်ဝယ်ပေးရတာ၊ surprise gift ဆိုပြီး ဝယ်ပို့ရတာလည်း ရှိသေးတယ်တဲ့ အမလေး ဘုရား ဘုရား ငါ့ပိုက်ဆံတော့ ကုန်ပါပြီ

ရုံးကြိုရုံးပို့ ဘာညာ

ဒါကတော့ နားလည်လို့ ရပါသေးတယ်။ မိုးချုပ်ပြီဆို တစ်ယောက်တည်းပြန်ရတာ အဆင်မပြေဘူးလေ... အဲ တစ်ခုတော့ ရှိတယ်။ ရည်းစားဆိုတဲ့လူက ပြန်ပေးဆွဲရင်တော့ သွားပြီ 

Do 'that'

STDs. omg. STDs

video call ပြောကြတယ်

ဖုန်းခေါ်ကြတယ်ပေါ့။ အဲဒါအပြင် မျက်နှာလေးပါ မြင်ချင်လို့ဆိုပြီး video ပြရသေးတယ်။ ah.... ပြီးရင် ဘာအကြောင်း ပြောရမှာလဲ 😵‍💫😵‍💫


ရှင်တို့ မြင်ကြတဲ့အတိုင်း အပေါ်က ရေးထားတာတွေကို ကျွန်မက တစ်ခုမှ မလုပ်ချင်ပါဘူး။ So.... မရတာလည်း မဆန်းပါဘူးပေါ့။ ကျွန်မကကျ ဘာလုပ်ရတာကြိုက်လဲ..

၁. project တူတူလုပ်ရတာ ကြိုက်တယ်

အလကား ပိုက်ဆံကုန်အောင် အပြင်မှာ မုန့်ပတ်စားမဲ့အစား (ရေခဲမုန့်နဲ့ အချိုပွဲတွေ မပါ😆) ဒီလို projectတစ်ခုတူတူလုပ်တော့ 
- သူ့အကြောင်းလည်း ပိုသိ
- ပြီးပြတ်သွားရင်လည်း CV မှာ ထည့်စရာတစ်ခုရ
- ပညာအသစ်တွေလည်းရ
မဆိုးဘူးမလား 😎😎။ အဲဒါအပြင် အောင်အောင်မြင်မြင်ပြီးသွားရင် "အောင်ပွဲခံဖို့ မုန့်သွားစားကြမှာ အမေ" ဆိုပြီး အပြင်ထွက်ဖို့ အကြောင်းပြစရာတစ်ခု ရသွားရော 😆😆

၂. text, text, text and text

BBC က Sherlock ဇာတ်လမ်းတွဲကို ကြည့်ဖူးကြရင် sherlock တစ်ယောက် ဘယ်လောက်စာပို့သလဲ သိကြမှာပါ။ ကျွန်မလည်း အဲလိုပါပဲ။ စာပို့ရတာပဲ ကြိုက်ပါတယ်။ (ဒါပေမဲ့လည်း reply ကြာလို့ စိတ်ကောက်တာတို့ ဘာတို့တော့ မလုပ်ပါဘူး။ ကျွန်မလည်း မပြန်ချင်ရင် အချိန်ဆွဲနေတတ်လို့ ဖြစ်ပါတယ်😂) ဖုန်းပြောရင် ပြောစရာ ရှာလို့ မတွေ့ပါဘူး။ ဒါဆို meeting တွေ ဘယ်လိုတက်လဲပေါ့။ meetingက ဘယ်နေ့ ဘယ်အချိန်ခေါ်မယ်ဆိုတာ ကြိုပြောတဲ့အတွက် ပြောမယ်ဆိုတာလေးတွေ ကြိုပြင်ထားပါတယ်။ အဲဒါကြောင့် တကယ်လို့ ဖုန်းခေါ်မယ်ဆိုရင်တော့ ကြိုတင်အသိပေးထားတာ ကောင်းပါလိမ့်မယ်။ နို့မို့ရင်တော့ "အဲ..." ဆိုတာပဲ ကြားရမှာ ဖြစ်ပါတယ် (စိတ်မကြည်တဲ့အချိန်နဲ့တိုးရင်တော့ "ဘယ်က ဖုန်းဆက်နေတာလဲ" ဆိုပြီး ဟောက်ထုတ်တာခံရမှာ ဖြစ်ပါတယ် ✌️)

Comments