Featured post
- Get link
- X
- Other Apps
ဒီတလောမှာ အလုပ်တွေကြား ဗျာများနေရပါတယ်။ ဪ... ကျောင်းပြန်တက်နေတယ်လို့ ပြောတယ်ဟုတ်? အဲဒီက စာမေးပွဲကလည်း နီးလာပြီဆိုတော့ ကျက်ရမဲ့ အပုဒ်တွေ လိုက်တောင်း၊ ကျူတို ကူးရမှာတွေ လိုက်မေး လုပ်ရ၊ နောက်ဆုံးနှစ်မို့လို့ term paper ရေးဖို့လည်း လုပ်ရနဲ့ တော်တော်ကို အလုပ်ရှုပ်ပါတယ်။
ဒီလိုရှုပ်မှပဲ မဖြတ်နိုင်တဲ့ တရုတ်ဝတ္ထုနဲ့ Webtoonတွေ ပြတ်သွားမယ် ထင်ပါရဲ့။ အားတဲ့အချိန် နည်းနည်းလေးကို ဘယ်လိုကုန်ဆုံးရမလဲ... ခါတိုင်းဆိုရင်တော့ တရုတ်ဝတ္ထုဖတ်တယ်ပေါ့၊ ဒါပေမဲ့ အဲဒါက စာရေးချိန် သပ်သပ် ထားနိုင်တုန်းက ဖြစ်ပါတယ်။ အခုတော့ စာရေးချိန်လို့ မရှိတော့တာကြောင့် စာလည်း မရေးဖြစ်ပါဘူးပေါ့။ ဆိုတော့ ... ဟာတာတာနဲ့ နေလို့ မကောင်းပါဘူး။ အဲလိုနဲ့ပဲ webtoon ဖတ်မဲ့အချိန်၊ တရုတ်ဝတ္ထုဖတ်မဲ့အချိန်ကို စာရေးဖို့ ဖြစ်လာပါတယ်။
ဘာတွေ ရေးမှာလဲ. . . ကျွန်မ ရေးလက်စ တန်းလန်းတွေကို ဖြတ်မယ်။ ပြီးတော့ ခေါင်းထဲမှာ တေးထားတဲ့ဟာတွေလည်း ချရေးရပါမယ်။ (နို့မို့ရင် တစ်ချိန်လုံး အဲဒီ့အကြောင်းပဲ တွေးမိနေလို့ 😖😖)
ရေးလက်စတွေကို အမျိုးအစားတွေ ခွဲရရင်..
နှစ်ချို့
- ခေတ်သစ်၏ သမီးပျိုများ (အနည်းဆုံး သန္တာ တက္ကသိုလ်တက်တဲ့အထိတော့ ပြီးသင့်)
- တောင်ကျိုးငှက်ငယ်
လောလောလတ်လတ်
- Get link
- X
- Other Apps
Comments
Post a Comment