Featured post
- Get link
- X
- Other Apps
The following content might be triggering for some people. It contains thoughts of self-harm and suicide. If you feel the same way, I encourage you to consult a mental health professional. (but I won't, of course, hehe)
ကျွန်မက စိတ်ကျနေတာလား ဒါမှမဟုတ် ပျင်းပဲ ပျင်းနေတာလား
🤔🤔
ဒီတလောမှာ ဘာအလုပ်မှကို မလုပ်ချင်ပါဘူး။ ဒါက ဟိုလို ပိုက်ဆံရမဲ့အလုပ်အပြင် ခါတိုင်း ပျော်နေကျ ဝတ္ထုရေးတာမျိုးတောင် မပျော်တော့ မရေးချင်တော့ပါဘူး။
အဲဒါဆို ဘာလုပ်ချင်လဲဆိုတော့... အိပ်ချင်တယ်၊ ပျောက်သွားချင်တယ်။
ပြီးတော့.. လူတွေနဲ့ စကားမပြောရရင် တော်တော်ကောင်းမှာပဲလို့လည်း တွေးနေမိပါတယ်။
အမ်.... ဘာလို့လဲဆိုတော့... လူတွေနဲ့ စကားပြောရင် ကြောင်တောင်တောင်ကြီးဖြစ်ပြီး လူမဆန်သလို ခံစားရပါတယ်။ လူမဆန်သလိုဆိုတာ.. လူပြောတဲ့စကားအသုံးအနှုန်းတွေ မဟုတ်ဘဲ တစ်မျိုးကြီးပဲ..
ဥပမာ
စကားတစ်ခွန်းကို ၂ခါလောက် ထပ်ပြောနေမိတာမျိုး
"အယ်..." တွေ အများကြီး ပါနေတာမျိုး
ရုတ်တရက် ဘာပြောရမှန်း မသိတာမျိုး
စိတ်ညစ်လိုက်တာ 😔😔
လူတွေက ပြောပါတယ်။ စိတ်ဓာတ်ကျရင် အလုပ်ကို ဖိလုပ်ပစ်တဲ့။ ဒါပေမဲ့ ရှိသမျှအလုပ်တွေ ပစ်ထားမိရင်ရော ဘာလုပ်ရမလဲ😂😂
သူငယ်ချင်းတွေနဲ့ တွေ့တဲ့။ တွေ့ဖို့ resources (time, money) မရှိရင် ဘာလုပ်ရမလဲ 😂😂
ထရော်မာတွေ အသုံးချလိုက်တဲ့။ ထိုင်ပဲ ငိုနေချင်တာ ဘာကို အသုံးချရမှာလဲ 😂😂
မောလိုက်တာ..
and i'm annoyed at every little thing in my environment. every comment, every post on facebook, everyone who speaks to me
မီးပလပ်ပေါက်တွေ့ရင် လက်ထိုးထည့်ချင်တယ်၊ အပ်ပေါက်ထဲ ချည်ထိုးရရင် မျက်စိထဲပါ အပ်ထိုးထည့်လိုက်ချင်တယ်၊ မီးဖိုချောင်မှာ ဓားကိုင်ရရင် လက်ကို ရွှီးခနဲ လုပ်ပစ်ချင်တယ်။
ကျွန်မက စိတ်ကျနေတာလား။
ဒါ
မှ
မ
ဟုတ်
ကျွန်မက အလုပ်မလုပ်ချင်ဘဲ ပျင်းနေလို့ (lazy ဖြစ်နေလို့) ဒီလိုတွေ ကြံဖန်တွေးနေတာလား
Hell, i don't know.
oh.. right, i told you that i won't be recieving help. why? have i told you why? because i dont trust them. I know i sound like a maniac right now. well.. i'm half maniac.
hope it gets better though..
(I think it will get better if I get a decent-paying job and have more money)
Comments
Post a Comment