Featured post

3/8/23


ဘာသာစကားတွေကို နားမလည်တော့ဘူး ဘယ်လိုလုပ်ရမလဲ😭😭 

အခုတလော တစ်စုံတစ်ယောက် ပြောတာတွေကို နားမလည်လို့ ဒုက္ခရောက်နေပါတယ်။ စကားလုံးနဲ့ ရေးပြတာက ဖတ်လို့ရတော့ တော်ပါသေးတယ်။ ပြဿနာတက်တယ်ဆိုတာ သူ emoji တွေ ပို့တဲ့အချိန်ပါပဲ။ 

အမ်... အိုခေ။ emojiတွေက ပိုနားလည်ရလွယ်တာ မဟုတ်ဘူးလား

nope. not for me.

emojiတွေက လူ့မျက်နှာပုံစံအမျိုးမျိုးကို ပြလို့ သူ့မျက်နှာထား ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းလို့ ရလောက်မယ်လို့ ယူဆနိုင်ပေမဲ့... ကျွန်မက emoji တွေကို စကားနဲ့ ဘာသာပြန်တတ်တော့ နည်းနည်းဒုက္ခရောက်ပါတယ်။ 

ဥပမာ 

😭 - စိတ်ဆင်းရဲလို့ ငိုချင်တယ်

🫡 - hai, wakarimas

🤣 - ရယ်ရလို့ သေတော့မယ်

ဒီလိုတွေ လုပ်တော့ တစ်ဖက်လူက နောက်ပြောင်တဲ့အနေနဲ့ ပို့တာတွေကိုလည်း ကျွန်မက အတည်ယူပစ်လိုက်တော့ အဲ... ပြဿနာတက်တော့တာပဲ။ အဲလိုနဲ့ လူစကား နားမလည်ဘူးဆိုတာတွေ ဖြစ်လာပါတော့တယ်။ 🥲


Am I just lazy or seriously depressed?


ဟိုတလောက ပေါင်၈၀လောက်ပဲ ရှိတော့တယ်ဆိုတာ သိပြီးနောက် အချိန်မှန် အစာစားဖို့ကို ကြိုးပမ်းပါတော့တယ်။ (ကျောင်းတက်တုန်းကဆို ပေါင်၁၀၀လောက်တော့ ရှိပါတယ်) ဒီတိုင်းသာ ဆက်သွားရင် နောက် ၂ နှစ်လောက်အကြာမှာ သေသွားလိမ့်မယ်ဆိုတာကြီးက ခေါင်းထဲမှာ စွဲနေပါတယ်။ တစ်ဆက်တည်းမှာပဲ ဘောင်ဘောင်အိမ်မှာ နေရင်း သေသွားလို့ မဖြစ်ဘူးဆိုတာလည်း တွေးနေမိပါတယ်။ တကယ်ပြောတာ... သေချင်ရင်တောင် ကိုယ့်ဟာကိုယ် လုပ်ချင်တာလုပ်ပြီးမှ အေးအေးဆေးဆေး သေရမယ်။ ဒုက္ခပဲ ခံပြီး သေသွားရင် မတန်ဘူးလေ

အခုကကျ ဘာဖြစ်နေတာလဲဆိုတော့... တစ်ရက်ကို သုံးနပ် ပုံမှန်စားတာကတော့ ဟုတ်ပါရဲ့။ စားတာကလွဲလို့ ဘာမှ လုပ်မနေဘူး။ အရင်ကဆိုရင်တောင် မနက်လင်းလာရင် စာရေးမယ်၊ ဂျပန်စာလုပ်မယ်၊ dart လုပ်မယ်၊ ဟိုပြိုင်ပွဲတွေမှာ ပြိုင်မယ်၊ ဆိုတာမျိုး ရည်မှန်းချက်တွေ ရှိပြီး အဲဒါတွေအတွက်လည်း တကုပ်ကုပ် လုပ်နေတတ်ပါတယ်။ အခုကတော့ အလုပ်တွေ ဟိုရွှေ့ဒီရွှေ့လုပ်၊ ပြီးရင် အိပ်၊ နောက်တစ်ရက်လည်း ဒီလို.. နောက်ထပ်တစ်ရက်လည်း ဒီလို.. ပြီးရင် facebook ဖွင့်၊ သူများလုပ်နေတာ လိုက်ကြည့်၊ အလုပ်ပြန်လုပ်၊ အာရုံပျံ့၊ အိပ်၊ စိတ်ညစ် အဲ... ဒီလို သံသရာလည်နေပါတယ်။ 

And soon.. i started to wonder if i was depressed..like seriously depressed or i was just finding excuses about my mental health and being lazy. 😬 I think i must see a counsellor and get diagnosed. But i don't trust counsellors🥲 not just counsellors, but anyone. Well.. there's that person i trust, but i dont want her to know that i'm such a creep. 😶Jesus Christ, what do i do?


ကျွန်မလောက် မျက်နှာပြောင်တဲ့လူ ဒီကမ္ဘာမှာ မရှိပါ။ 😌😌

ကျွန်မရေးတဲ့ စာတွေထဲက ဇာတ်ကောင်တွေ အတော်များများဟာ ကျွန်မပတ်ဝန်းကျင်ကလူတွေ ဖြစ်ကြပါတယ်။ အိမ်ကလူတွေ ပါမယ်၊ ကျောင်းကလူတွေ ပါမယ်၊ ဆရာမတွေ ပါမယ်၊ အဲ.. ပြီးတော့ crushတွေလည်း ပါပါမယ်။ ရေးပြီးရင်လည်း ကိုယ့်ဘာသာကိုယ် အေးဆေးနေတာမဟုတ်၊ ပျားအုံကို တုတ်နဲ့ ထိုးဆွသလို သူတို့တွေကို သွားသွားပြပါတယ်။ 😆😆 (တုပ်ခံရမှ ငိုမှာ)

အဲ.. တလောက ဟိုကောင်လေးကို သူ့ပုံ ထည့်ရေးထားတဲ့ဟာကို သွားပြမိပါတယ်။ ဒါပေမဲ့ ကျွန်မ description က တော်တော်စုတ်နေလို့ထင်တယ်၊ သူက မသိရှာဘူး (ဒါမှမဟုတ် ဒီလို မျက်နှာပြောင်မယ်လို့ မထင်တာလည်း ဖြစ်နိုင်ပါတယ်🤣။ မသိတာက သူမှ မဟုတ်ပါဘူး။ အရင်လူတွေလည်း မသိခဲ့ကြပါဘူးပေါ့🥹🥹)

အဲဒီ့အကြောင်းကို သူငယ်ချင်းတစ်ယောက်ကို ပြောပြတော့ ရယ်လိုက်တာဆိုမှ.. အဲလိုနဲ့ နောက်ထပ် ရူးကြောင်ကြောင် အတွေးတစ်ခု ပေါ်လာပါတယ်။ သူ့အကြောင်း ထည့်ရေးထားတယ်ဆိုတာ သွားပြောရင် ဘယ်လိုနေမလဲပေါ့။

အဲဒါနဲ့ တကယ်သွားပြောလိုက်ရော 😬🤣🤣။ ဘယ်နား အတိအကျမှာ ရေးထားတယ်ဆိုပြီး ပြောဖို့တောင် စဉ်းစားလိုက်သေး၊ နောက်မှ မဟုတ်သေးပါဘူး သူ့ဟာသူ ရှာပေ့စေဆိုပြီး ထားလိုက်ပါတယ်။ ပြောပြီးသွားတော့မှ အသိစိတ်ပြန်ဝင်ပြီး ရှက်လိုက်တာဆိုမှ... အပြင်မှာ မတွေ့အောင် ရှောင်နေရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

နောက် အဲဒီအဖွဲ့က တစ်ရက်လောက် ဆုံကြမယ်ဆိုတော့... "ဪ.. ငါလည်း အပြင်ထွက်ပြီး လူတွေနဲ့ စကားမပြောတာ ကြာပြီ။ ဒီတိုင်းနေရင် ငါ့ social anxiety က ပိုဆိုးလိမ့်မယ်" ဆိုပြီး သွားတွေ့ပါတယ်။ အိမ်ပြန်ရောက်မှ ရေခဲမုန့် ဝယ်ကျွေးခိုင်းထားတာ သတိရပါတယ်။ (သူပြောတော့ ရေခဲမုန့် ပါမယ်ဆိုပြီး ပါလည်း မပါဘူး☹️)

အဲ.. နောက် သပ်သပ်တွေ့နေရင်လည်း ကြောင်တောင်တောင်နဲ့ ဒုက္ခရောက်နေပါ့မယ် ဆိုပြီး "လာထိုင်မကျွေးလည်း ရတယ်နော်။ ဝယ်ပေးပြီး ပြန်သွား" လို့ ပြောလိုက်မိပါတယ်။ (ကျွန်မက onlineမှာသာ စကားအသေများတာ အပြင်မှာဆို တစ်လုံးမှမပြောဘဲ မျက်နှာပဲ ထိုင်ကြည့်နေတတ်တာလေ)



 

ကျွန်မက ဒီလို လုပ်နေကျ၊ ဘာမှမဖြစ်ဘူး။ သူ အနေခက်မှာ စိုးလို့ပါ။ အဲဒါနဲ့ delivery နဲ့ပို့မယ်ဆိုပြီး ရေခဲမုန့်ဆိုင်ရှာရော.. ခက်တာက ရေခဲမုန့်ဆို ကျွန်မက swensensပဲ သိတယ်။ အဲဒါကလည်း januaryကတည်းက ပိတ်သွားပြီတဲ့။ ဟဲ့🙂


(အခုတော့ အသီးကိတ် တောင်းရင်ကောင်းမလား စဉ်းစားနေပါတယ်။ ကိတ်ကောင်းကောင်းရတဲ့ဆိုင်ရှိရင် လက်တို့ကြပါဦး😁😁)

Comments