Featured post
- Get link
- X
- Other Apps
ခေါင်းစဉ်အတွက်တော့ sorryပါ။ အောက်မှာတော့ ကျွန်မ ဆင်းရဲတဲ့အကြောင်းတွေ၊ မျှော်လင့်ချက်ပေးပြီး မရလိုက်တာတွေ၊ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတာတွေနဲ့ မျှော်လင့်ချက်မရှိတာတွေ ပါပါတယ်။ ဒါတွေရေးနေတာ သနားခံချင်လို့မဟုတ်သလို ချက်ချင်း အလုပ်တွေ လာပေးဖို့လည်း မဟုတ်ပါဘူး။ ကျွန်မက ခါတိုင်းဆိုရင် လူတစ်ယောက်ယောက်ကို သွားပြောနေကျဖြစ်ပေမဲ့ အခုက ပြောစရာလူမရှိတော့ ဒီမှာလာရေးတယ်ပေါ့။
ဟိုအလုပ်ကြီး ပြီးသွားပြီးနောက် တော်တော် စိတ်ပေါ့ပါးသွားပါတယ်။ "ဪ.. ငါလုပ်ချင်ခဲ့တာတွေ ဆက်အကောင်အထည်ဖော်နိုင်ပြီပဲ" လို့လည်း တွေးမိပြီး ပျော်နေပါတယ်။ အဲ... ကျွန်မရဲ့ ကြည်လင်နေတဲ့ ရေအိုင်လေးကို လာနှောက်တာကတော့ မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ဘာမှမရှိဘဲ၊ ဘာမှ ရှိနိုင်မယ်လို့လည်း မထင်ဘဲနေရင် ဘာမှ ဖြစ်မှာမဟုတ်။ ရှိလာမယ်၊ ဖြစ်လာမယ်ထင်မိလိုက်တဲ့အချိန် ဒုက္ခရောက်တော့တာပဲ။
ကျွန်မ ကျောင်းပြန်တက်နေတယ်ဆိုတယ်မဟုတ်လား။ အဲဒီမှာ ကျွန်မတို့ အတန်းပဲ လျှောက်လို့ရတဲ့ scholarshipတစ်ခုပါပါတယ်။ အဲဒါက ဒေါ်လာ ၅၀၀ ရမှာဆိုပဲ။ တစ်ဒေါ်လာကို ၂ထောင် (ဒါက ဘဏ်ဈေး)၊ ဆယ်ဒေါ်လာဆို တစ်သောင်း၊ ဒေါ်လာတစ်ရာဆို တစ်သိန်း။ ဒေါ်လာ ၅၀၀ ဆို ဆယ်သိန်း။ ဝိုး။
အစက "သမီး လျှောက်လို့မရဘူး" တဲ့။ ဪ.. မရဘူးဆိုလည်း မရဘူးပေါ့။ နောက်ကျ မဟုတ်ဘူး "သမီး ရတယ်နော် တီချယ် နာမည်ထည့်ပေးလိုက်ပြီ"တဲ့။ အဲဒါနဲ့ ဖောင်သွားထုတ်၊ ဖြည့်ပြီးခါမှ "သမီး မရတော့ဘူးနော်"တဲ့။ 🥲🥲
ဪဪ.. ရမဲ့အလုပ်တစ်ခုကလည်း မရတော့ဘူးနော်တဲ့။ ဪ အိုခေ။
နောက် အမေလစာ ရလာတော့လည်း ဒီလောက် (ကုန်ဈေးနှုန်း ဆင်ပါးစပ်ကို နှမ်းပက်ရုံ) ပဲ ရလာတယ်တဲ့။ အစက သဘောတူထားတော့ တစ်မျိုး။ ဪ. . .သူတို့ပြောလိုက်တဲ့ ဆယ်စက္ကန့်အပြီး emotional orgasmဖြစ်သွားတာပဲ။
အမလေးလေ တစ်လ ငွေ၁၀သိန်းလောက်ရအောင် ဘာလုပ်ရပါ့။ 😓😓 insuranceတို့ ဘာတို့လည်း မရောင်းတတ်ဘူးနော် ဒုက္ခပဲ။
Comments
Post a Comment