Featured post
- Get link
- X
- Other Apps
julyလမှာ မိုးတွေ တော်တော်ရွာလာပါတယ်။ ဒါပေမဲ့ တစ်ရက်တလေ မိုးအသားကုန် ရွာပြီးတဲ့နေ့တွေဆို ကောင်းကင်က ကြည်လင်သာယာနေတတ်ပါတယ်။ အဲ. . . လှတာတော့ လှပါရဲ့။ ပူတာတော့ တအားပဲ။
ကျွန်မကတော့ အိမ်ဝယ်ဖို့ အိပ်မက်မက်နေပါတယ်။ ကိုယ်ပိုင်အိမ်နဲ့နေချင်တာကတော့ ကြာပါပြီ။ အစကတော့ ဘယ်လိုစဉ်းစားလဲဆို (အတော်တော့ ရယ်ရပါတယ်) "ကောင်းကောင်းကန်းကန်း ရည်းစားတစ်ယောက်ထားလိုက်မယ်၊ နောက် သူ့အိမ်မှာ သွားနေမယ်"
အသက်ကြီးလာမှ အဲဒီတုန်းက စိတ်ကူးက အဓိပ္ပာယ်မရှိမှန်း သဘောပေါက်လာပါတော့တယ်။ (ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မဆိုသာပါဘူး။ အဲဒီတုန်းက fanfictionတွေ အသေအလဲဖတ်ကောင်းတုန်းအချိန် မဟုတ်လား) နောက်တော့ "မဟုတ်ပါဘူးလေ၊ ရည်းစားက ကန်ထုတ်လိုက်ရင် ငါလမ်းပေါ်ရောက်မှာပဲ" ဆိုပြီး အိမ်ခွဲနေဖို့စိတ်ကူးက ခဏပျောက်သွားပါတယ်။
အခုတော့ ဒီအိမ်မှာနေလို့ မဖြစ်မှန်း သဘောပေါက်လာပါပြီ။ ဒီအိမ်မှာ အလုပ်လုပ်ဖို့နေရာမရှိ၊ ဆူညံ၊ ပစ္စည်းတွေများ၊ အာရုံစိုက်လို့ မရ အိုး. . . မဖြစ်ဆိုမှ မဖြစ်။ ကိုယ့်အိမ်နဲ့ကိုယ် ခွဲနေရမယ်။ မခွဲခင် အိမ်ကလူတွေနေဖို့ အိမ်အကြီးတစ်လုံး ဝယ်ပေးရမယ်။ (သူတို့ အေးချမ်းမှ ကိုယ်လည်း လုပ်ချင်ရာ လုပ်နိုင်မယ်လေ) အဲဒီတော့ ပိုက်ဆံရှာနိုင်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစားနေပါတယ်။
အဲ. . . ဟို menifestationခေါ်လား (စိတ်ပညာခေါင်းစဉ်တပ်ပြီး လိုင်းလာပူးတဲ့ဟာပေါ့) အဲဒါတောင် လုပ်မိနေတယ် ပြောရမလားမသိ။ "အိမ်ဝယ်ရမယ်" ဆိုတာကို ဘယ်နေရာသွားသွား ပါးစပ်ကမချ ပြောမိနေပါတော့တယ်။ အိမ်ကလူတွေလည်း တော်တော်အာရုံနောက်လှပါပြီ။ မတတ်နိုင်ဘူး။ များများ ငွေရှာ၊ မြန်မြန် အိမ်ဝယ်၊ ကောင်းကောင်းအလုပ်လုပ်ပြီး ငယ်ငယ်နဲ့ ပင်စင်ယူလို့ ခရီးထွက်မယ်။
ဩ... တောင်အတူတူတက်ချင်ကြသူများ ရှိကြလား
- Get link
- X
- Other Apps
Comments
Post a Comment