Featured post
- Get link
- X
- Other Apps
ရန်ကုန်မှာ ဒီနေ့ မနက်လင်းကတည်းက မိုးရွာနေပါတယ်။
ကျွန်မက ဖေဖော်ဝါရီလ တစ်ရက်မှာ ရွာခဲ့တဲ့မိုးအကြောင်း ပြန်တွေးမိနေပါတယ်။ အဲဒီတုန်းက နေ့လယ်ဘက်မှာ မိုးရွာပါတယ်။ ရွာပြီးတာနဲ့ ကောင်းကင်က အပြာရောင်ဖျော့ဖျော့လေးနဲ့ အိပ်မက်ဆန်အောင် လှပါတယ်။ အခုမိုးရာသီမှာတော့ မိုးတစ်ခါရွာပြီးလည်း တိမ်တွေ ပြန်ရောက်လာလို့ အုံ့အုံ့မှိုင်းမှိုင်းကြီးပဲ ဖြစ်နေဦးမှာ ဖြစ်ပါတယ်။
လူတစ်ယောက်ကို ချစ်ဖို့ အကောင်းဆုံးအချိန်က ဆောင်းရာသီ ဖြစ်ပါတယ်။ အဲဒီရာသီမှာ ပန်းကလေးတွေကလည်း ပွင့်နေမယ်၊ လေအေးအေးတွေတိုက်တဲ့အခါ စောင်ခြုံလိုက်ရင် နွေးသွားမယ်၊ နေ့လယ်ဘက်တွေဆို ကောင်းကင်ကြီးက ပြာလွင်ပြီး လှနေမယ်၊ မိုးလေးတစ်သုတ်ရွာလိုက်တဲ့အခါ studio Ghibli ထဲကလို အိပ်မက်ဆန်ပြီး လက်လှမ်းမမီနိုင်အောင်လှတဲ့ ကောင်းကင်ကို တွေ့ရပါမယ်။ ဒီအချိန်ဟာ စိတ်ကူးယဉ်လို့ အကောင်းဆုံးအချိန်ပါပဲ။
လက်တွေ့မှာ မဖြစ်နိုင်တဲ့ "ကမ္ဘာကြီးတစ်ခုလုံးနဲ့ အတိုက်အခံလုပ်မယ်"တွေ၊ "ဘယ်လိုပဲဆင်းရဲဆင်းရဲ သူ့ကိုပဲ ရွေးချယ်မယ်" ဆိုတာတွေ၊ "ကိုယ်က လူမိုက်အဖြစ်ခံပြီး သူ့ကို ကာကွယ်မယ်" ဆိုတာတွေ၊ လေထဲမှာ နတ်ဘုံဆောက်တာတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။
အဲဒီ့အချိန်မှာ ကျွန်မက "I bet it will rain again tomorrow!"ကို ရေးနေခဲ့ပါတယ်။ စကားလုံးရေ ၁၀၀တိတိရှိရမဲ့ flash fictionရေးရတာ အင်မတန် ခက်ပါတယ်။ assignmentရတဲ့နေ့ကစလို့ အမြဲတမ်း အဲဒီ့အကြောင်းပဲ ခေါင်းထဲရောက်နေပါတယ်။ "စကားလုံးရေ ၁၀၀ကွက်တိရအောင် ဘယ်လိုရေးရမလဲ" ခက်တာက စဉ်းစားလေ အဖြေမထွက်လေ ဖြစ်ပါတယ်။ နောက်တော့ အတင်းမဖျစ်ညှစ်တော့ဘဲ သူ့ဘာသာသူ ရောက်လာမဲ့အချိန်ကိုပဲ စောင့်နေခဲ့ပါတယ်။
အဲ... မိုးရွာတဲ့တစ်နေ့တော့ သူရောက်လာပါတယ်။ ရယ်ရတာက ရေးနေတုန်းကို မိုးသည်းလာလို့ ဘောင်ဘောင်က မရမက ပြတင်းပေါက်တွေ လိုက်ပိတ်ဖို့ အော်ခေါ်တော့တာပဲ😂😂။ စာရေးတယ်ဆိုတာကကွာ တခြားသောအလုပ်တွေနဲ့မတူ၊ သူ့စကားလုံးကောင်းကောင်းထွက်တဲ့အချိန်မှာ အမိအရ လိုက်ဖမ်းရတာကို သူကမသိ၊ "နင့်အိပ်ရာတွေ စိုနေပြီ"ဆိုပြီး လာတို့ပါတယ်။ ကျွန်မလည်း ရေးလက်စကို ခဏထားလို့ Ugh🙄ဆိုပြီး လိုက်ပိတ်ရတာပေါ့။ စားပွဲမှာ ပြန်ထိုင်လို့ရတဲ့အခါကျ စောစောက ရေးဟန်နဲ့တူအောင် မနည်းပြန်ညှိပြီး ရေးရဖို့ အားထုတ်ရပြန်ပါတယ်။ (စိတ်အခြေအနေမတူရင် အတွေးတွေ မတူတော့ ရေးဟန်လည်း ကွဲသွားတာပေါ့၊ အဲဒါကို မညှိရင် အပေါ်တစ်ပိုဒ်က မိုးအေးအေးလေးမှာ ကော်ဖီတစ်ခွက်နဲ့ ဆွေးနေတဲ့အချိန် အောက်တစ်ပိုဒ် "ဟဲ့ ပလုတ်တုပ် သောက်မိုးက ရွာပြန်ပြီ" ဆိုတာမျိုး ဖြစ်နေမှာပေါ့🥲🥲)
အချောပြန်သတ်တော့ စကားလုံးရေ ၁၀၀ရအောင် ပြန်ဖြတ်ရပါတယ်။ အဲဒီတော့ ကျွန်မရဲ့ signature (အရေးကြီးတဲ့ အချိန်တွေမှာ မဆိုင်တဲ့ ကြောင်တောင်တောင်တွေ ဝင်စွက်တာ ဥပမာ ကျွန်မက အတည်ခံစားပြီး စာရေးနေတုန်း အဘောင်မက လာတို့တာလိုပေါ့) ပျောက်သွားပါတယ်။
အချောရဲ့ ခေါင်းစဉ်က "I bet it will rain again tomorrow!" ဖြစ်ပြီး အဆုံးမှာ "I open the window, for the clouds have disappeared." နဲ့ ဆုံးထားပါတယ်။ အဆုံးရောက်လို့ ခေါင်းစဉ်ကို နောက်တစ်ခေါက် ထပ်ဖတ်မှ အဓိပ္ပာယ်ပေါ်မှာ ဖြစ်ပါတယ်။ (ဘာအဓိပ္ပာယ်လဲတော့ မပြောတော့ဘူးနော်) ဒါပေမဲ့ အဲဒီမှာ တစ်ခု ကျန်ခဲ့ပါတယ်။
အကြမ်းမှာ အဆုံးသတ်ထားတာက "I bet it will rain tomorrow again, and this robot will miss another one." ဖြစ်ပါတယ်။ 🤣🤣
(I bet you have no idea what I am talking about. Lol)
- Get link
- X
- Other Apps
Comments
Post a Comment