Featured post
- Get link
- X
- Other Apps
ဂျပန်အဆိုတော်တွေထဲမှာ Aimerပြီးတော့ အကြိုက်ဆုံးက King Gnuဖြစ်ပါတယ်။ သူတို့သီချင်းတွေက အရမ်းမိုက်ပါတယ် (သူတို့ဘယ်လောက်ကောင်းတယ်ဆိုတာ ပြောဖို့ ဝေါဟာရ မကြွယ်ဝတဲ့အတွက် ခွင့်လွှတ်ပါ) အရမ်းကောင်းပါတယ် အိုခေ? ဘယ်လိုထပ်ပြောရမလဲ... mind blowing?
သူ့ကို စသိတာကတော့ တစ်နေ့ youtubeမှာ လာချင်ရာလာဆိုပြီး ဖွင့်ထားတဲ့အခါ သူ့သီချင်းတစ်ပုဒ် ပါလာပါတယ်။ အဲဒီ့သီချင်းက Jutjutsu Kaisen 0 က သီချင်းပါ။ (အဲဒီ့တလောက ကျွန်မက အဲဒီ့ဇာတ်လမ်း ကြည့်နေတာလေ အဲဒါ youtubeက ဘယ်လိုသိသွားလဲမသိ😬😬)
အဲဒါနဲ့ ဒီအဆိုတော် မဆိုးဘူးဆိုပြီး လိုက်ရှာကြည့်တာ hikouteiကို တွေ့ပါလေရော😱😱။ အဲဒီကစလို့ တကယ် တကယ် အသည်းစွဲသွားပါတယ်။ နောက် သူ့သီချင်းတွေ လိုက်နားထောင်တာလည်း ပိုကြိုက်သွားပါတယ်ပေါ့။ (ပြီးတော့ အဲဒီက Daiki Tsuneta ဘဲကြီးက အရမ်း မိုက်ပါတယ် Shit!)
ကြိုက်တဲ့ သီချင်းတွေ ပြောရရင် နားထောင်ဖူးသမျှ အကုန်ကြိုက်ပါတယ် 🤣။ ဒါပေမဲ့ အခုတလော နားထောင်ဖြစ်နေတာတွေကတော့
(videoတွေထည့်ရင် ပြူးတူးပြဲတဲ ဖြစ်မှာစိုးလို့ သီချင်းနာမည်ပဲ ရေးထည့်လိုက်ပါတယ်)တ
တကယ်လို့ အားရင် နားထောင်ကြပါဦး။ အရမ်းမိုက်!!
- Get link
- X
- Other Apps
Comments
Post a Comment