Featured post
- Get link
- X
- Other Apps
တစ်ယောက်ယောက်ကို crushတယ်ဆိုတာ ကျွန်မအတွက် ဘယ်လိုလဲဆိုတာ ဒီမှာ ပြောမှာဖြစ်ပါတယ်။ (သေချာတာကတော့ ဒါတင်ပြီးရင် ရှက်လို့ တစ်လလောက် ထပ်ပျောက်ဦးမှာ ဖြစ်ပါတယ်)
တစ်ယောက်ယောက်ကို ပထမဆုံး စကြိုက်ခဲ့တာက ၅တန်းလောက်မှာ ဆိုပါစို့။ အဲဒီတုန်းက တောကျောင်းကလေးကနေ TTC ကို ပြောင်းလာခါစ.. အဲဒီတစ်ယောက်နဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး။ ဒါပေမဲ့ သူအတန်းထဲမှာ လုပ်နေတာက ရယ်စရာကောင်းပါတယ်။ ကျွန်မက ရယ်ရတာ အရမ်းကြိုက်ပါတယ်။ So I liked him, I guess. သူများတွေတော့ ဘယ်လိုနေမယ် မသိပေမဲ့ ကျွန်မအတွက်တော့ လူတစ်ယောက်ကို ကြိုက်တာဟာ ကြိုက်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပြောရမလဲ... ခဏခဏ ထပ်မြင်ချင်ရုံအပြင် မပိုဘူးပေါ့။
နောက် ၈တန်းလောက် ရောက်လာတော့ အသံကြားချင်တဲ့ တစ်ခု ထပ်တိုးလာပါတယ်။ အဲဒီ့တစ်ယောက်က တောင်ကြီးက ဖြစ်ပြီး သူစကားပြောတာ ခပ်ဝဲဝဲနဲ့ အရမ်းနားထောင်လို့ကောင်းပါတယ်။ ကျွန်မက accentတွေဆို အရမ်းကြိုက်တော့ well... i really liked him too, i guess😅. အပေါ်မှာ ပြောတဲ့အတိုင်း ကျွန်မအတွက်က သူ့အသံကြားရရုံနဲ့ မျက်လုံးတွေ မြင်ရရုံ (အိုး.. သူ့မျက်လုံးကလည်း အညိုရောင်လေးနဲ့ နေရောင်ထိုးရင် ပယင်းလို လှပါတယ်) ရှိပါတယ်။ ဒါပေမဲ့ အတန်းထဲကလူတွေက ဘယ်ကောင်လေးကိုမှ မကြိုက်တဲ့ ကျူရိုးမ ဒီတစ်ယောက်ကို ကြိုက်တယ် ဆိုပါလားဟ ဆိုပြီး ဝိုင်းလှော်ကြတော့ ဟိုတစ်ယောက်က ဘဝင်ခပ်မြင့်မြင့် ဖြစ်သွားပါတယ် (🙄🙄)
နောက်ကျန်တဲ့လူတွေကတော့ ကိုယ်ဖြစ်ချင်တဲ့ qualityနဲ့ ပြည့်စုံတဲ့သူကို သွားကြိုက်ပါတယ်။ maybe maybe အဲလိုများကြိုက်ပြီး အဲဒီ့qualityတွေ ရမယ်လို့ ထင်လားတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ဒီမှာတော့ အဆင့် ၄ဆင့် ခွဲလို့ ရသွားပါပြီ။
၁. သတိပြုမိခြင်းအဆင့်
အဲဒီတစ်ယောက်ဆီမှာ ကိုယ်လိုချင်တာရှိကြောင်း သတိပြုမိပါတယ်၊ ပြီးတော့ သူက ချဉ်းကပ်လို့ရတဲ့ အနေအထားမှာ ရှိကြောင်းလည်း သိထားပါပြီ။
၂. idolizing အဆင့်
ဒီအဆင့်က ဘုရားလို ကိုးကွယ်တဲ့ အဆင့်ပါပဲ။ သူပဲ ကောင်းတယ်ထင်တယ်၊ သူလုပ်တာမျိုးကို အသားကုန်လိုက်လုပ်ပါတယ်။
၃. infatuation အဆင့်
(shit, what the heck am i doing😑) ဒီအဆင့်ရောက်ပြီဆို တစ်ခုခု ရေးထွက်လာပါပြီ။ ကဗျာရေးမယ်၊ ဇာတ်လမ်းရေးမယ် ဘာပဲဖြစ်ဖြစ် ရေးပြီး သူ့ကို ဇာတ်ကောင်လုပ်ပစ်ပါတယ်။ အဲလိုရေးဖို့အတွက် စကားပြောတွေ ခဏခဏ ပြန်ဖတ်တာတွေ လုပ်ပါတယ်။
၄. moving on
များသောအားဖြင့် သူ့ထက်သာတဲ့တစ်ယောက်ကို တွေ့သွားလို့ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဟိုဘက်က ရည်းစားရသွားတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။
So... တခြားသူတွေ ဘယ်လိုနေလဲတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်မအတွက် crushဆိုတာ romantic feelingထက် personal gainဘက် ပိုသွားပါတယ်။ (သူတို့ပြောသလို "ဆရာဝန်မဖြစ်ချင်ဘူး၊ ဆရာဝန်နဲ့ ဖြစ်ချင်တယ်" ဆိုတာနဲ့ ပြောင်းပြန်🤣🤣) ကျွန်မမှာသာ သဘာဝလွန် စွမ်းအားတွေ ရှိခဲ့ရင် အဲဒါတွေကို စုပ်ယူပစ်မှာ ဖြစ်ပါတယ်။
ဪဪ.. တစ်ခါက "ကျောင်းစာ မဖတ်ချင်ဘူး၊ သူရေးတာပဲ ဖတ်ချင်တယ်" ဆိုပြီး တင်မိပါတယ်။ (social mediaမှာ "စာမဖတ်ချင်ဘူး၊ သူ့ကိုပဲ ဖက်ချင်တယ်" ဆိုပြီး ဖတ်နဲ့ဖက်ကို အသံထွက်လည်း မတူဘဲ ဘယ်လို မှားရေးလဲတော့ မပြောတတ် ရေးကြပါတယ်၊ အဲဒါကို မြင်ပြင်းကတ်နေလို့ အခုလို ရေးပါတယ်၊ ပြီးတော့ ကျောင်းစာမဖတ်ချင်တာကတော့ တကယ်ပါ) အဲဒါနဲ့ တစ်ယောက်က လာမေးပါတယ်။ "သူ့ကိုရော မဖက်ချင်ဘူးလား"တဲ့။ အမလေး မဖက်ချင်ပါဘူး ဘာလို့ ဖက်ရမှာလဲ ပူကပူ အိုက်ကအိုက်နဲ့😖😖။ အဲဒါနဲ့ ကျွန်မကလည်း ပြန်ပြောလိုက်ပါတယ် "အချစ်လေးမှမဟုတ်ရင် ဘယ်သူ့ကိုမှ မဖက်ချင်ဘူး"လို့။ အဲ. . . တစ်ရက်ကျရင်တော့ သူ့အကြောင်းကို ပြောချင်ပါသေးတယ်။
(သီချင်းက Yoasobiရဲ့ Idolပါ။ Ikura အသံက အရမ်းချစ်စရာကောင်းပါတယ်🥰🥰)
Comments
Post a Comment