Featured post

25.6.23

 

အခုတလော productivityတွေ တအားကျနေပါတယ်။ အလုပ်ဆို ဘာမှကို မလုပ်ချင်တော့ဘဲ တစ်နေရာရာကို ခရီးထွက်ပစ်ချင်နေပါတယ်။ ခက်တာက ဘယ်ကို သွားရမလဲ???


Aprilလတုန်းကတော့ တရားစခန်းဝင်မယ် စိတ်ကူးထားပေမဲ့ အလုပ်ပေါ်လာတာက တစ်ကြောင်း၊ ပြီးတော့ ဘောင်ဘောင်တို့ကို ထားခဲ့လို့ မရတာက တစ်ကြောင်းမို့ အလုပ်ပဲ ဆက်လုပ်နေရပါတယ်။ အဲဒီကတည်းက အေးအေးဆေးဆေး အနားမရသေးတာ အခုထိပါပဲ။ 


Aprilကတည်းက အလုပ် မပြီးတဲ့အတွက် ဒီလမှာ လုပ်မယ် ကြံထားတာတွေလည်း နောက်ဆုတ်ကုန်ပြီး ဖရိုဖရဲတွေ ဖြစ်လာပါတယ်။ ဒီတော့ ဘာမှကို မလုပ်ဘဲ ပစ်ထားချင်စိတ်ပေါ်သွားတာပါပဲ။


Volunteerလုပ်နေတဲ့ အဖွဲ့က ကျွန်မ တာဝန်ယူထားတဲ့ Programကလည်း သိပ်မဟန်လှပါဘူး။ မဟန်လှပါဘူးဆိုတာထက် Failနေပါပြီ။ စိတ်ညစ်လိုက်တာ 😭😭😭။ (ဒီတစ်ခေါက်တော့ အရင်တုန်းကလို ထွက်မပြေးချင်တော့ပါဘူး။ ဒါပေမဲ့ အကြံကလည်း မရှိ😓😓😓)


စိတ်ညစ်ပါတယ်နှော်. . .

Comments