Featured post
- Get link
- X
- Other Apps
အချိန်က မနက် ၄နာရီခွဲ၊ အပြင်မှာ မိုးတဖွဲဖွဲ ရွာနေပါတယ်။ ခါတိုင်းဆိုရင်တော့ ကွေးနေအောင် အိပ်နေမှာ ဖြစ်ပေမဲ့ ဒီနေ့တော့ အိပ်မရဘဲ နိုးနေပါတယ်။ နိုးရတာက ခါတိုင်းလို စာရေးဖို့ စိတ်အားထက်သန်နေလို့ မဟုတ်ပါဘူး။ ပေါက်ကရတစ်ခု အကြီးကြီး လုပ်ထားလို့ တစိမ့်စိမ့်တွေးရင်း စိတ်ညစ်လို့ ဖြစ်ပါတယ်။ (ဪ.. ငါကိုယ်တိုင်က ရွတာပါပဲ)
ဘာလဲဆိုတာတော့ မပြောတော့ပါဘူး။ (ရှက်စရာကောင်းလို့) ဒါပေမဲ့ ခါတိုင်းလိုပဲ အကြမ်းနည်းနဲ့ ရလိုက်တဲ့ သင်ခန်းစာတွေ ရှိလာပြန်ပါတယ်။
1. အကြံ = အကျန်
အကြံဆိုတာ လူတိုင်း ပေးကြပါတယ်။ တစ်ချို့တွေဆို အကြံပေးရုံတင်မဟုတ်၊ အတင်းအကြပ် တိုက်တွန်းတာတွေပါ။ အစွန်းရောက်တဲ့သူတစ်ချို့ဆို သူတို့ပြောတာ လိုက်မလုပ်ရင် လူဖြစ်ရှုံးတော့မှာလိုလို၊ ဘာလိုလို နားသွင်းလေ့ရှိပါတယ်။ တစ်ခု သိရမှာက နားပူတာကြောင့်ပဲဖြစ်ဖြစ်၊ သူတို့ပြောတဲ့အတိုင်း အဖြစ်မရှိ ခံစားရလို့ပဲဖြစ်ဖြစ် သူတို့ပြောတာ လိုက်မလုပ်သင့်ဘူး ဆိုတာပါပဲ။ ဘယ်သူမှ ကိုယ့်အကြောင်း အလုံးစုံ မသိနိုင်ဘူး၊ ဒါကြောင့် သူတို့ပြောတာကို မျက်စိမှိတ် ယုံဖို့က အတော်ခက်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်အခြေအနေနဲ့ ကိုယ့်ဘာသာကိုယ် တိုက်ဆိုင်စစ်ဆေးပြီး ယူသင့်မှ ယူရမှာပဲ ဖြစ်ပါတယ်။
အကြံဆိုတာ အကျန်တွေလိုပဲ ဟိုဘက်က အတင်းစွတ်ပေးနေပေမဲ့ ကိုယ်စားမိရင် ဗိုက်နာမှာ စိုးရိမ်ရပါတယ်။
2. တစ်ဇွတ်ထိုးမလုပ်ရ
ငယ်ငယ်တုန်းက ခဏခဏ ဒူးပြဲပါတယ်။ ကျွန်မက အရှေ့လည်းမကြည့် အောက်လည်းမကြည့်ဘဲ ပြေးနေတာကိုး။ အဲဒိတော့ ခဏခဏ ချော်လဲတာပေါ့။ (ကြီးတဲ့အထိလည်း ထမီနဲ့ ခလုတ်တိုက်ပြီး လဲတုန်းပါပဲ)။ အဓိက ပြောချင်တာကကွာ ... သိပ်မစဉ်းစားဘဲ လုပ်တယ်ပေါ့။ အခုထိလည်း တစ်ချို့ကိစ္စတွေကို ဘာဖြစ်ဖြစ်ဆိုပြီး သိပ်မစဉ်းစားဘဲ လုပ်တာက များပါတယ်။ တစ်ခုခုလုပ်မယ်ဆို သူ့အကျိုးဆက်ကို အရင်စဉ်းစားပြီး လက်ခံနိုင်မှ လုပ်တာကောင်းမယ်။
3. confession ruins existing relationships
😬😬 It's true.
အခုတော့ အိပ်လို့မကောင်းတဲ့အတူတူ အလုပ်ကိုပဲ အာရုံစိုက်လိုက်ပါဦးမယ်။ ဝင်ငွေရှိမှ စာရေးလို့ရမယ်။
Comments
Post a Comment