Featured post

Featured in SEAM journal

 

ဒီအကြောင်းကို လူတိုင်းကို ကြွားလို့ မဆုံးနိုင်တော့ပါဘူး။ ဒါပေမဲ့ ထပ်ကြွားလိုက်ပါဦးမယ်😁😁


အခုအလုပ်လုပ်နေတဲ့ တက္ကသိုလ်ကနေတစ်ဆင့် Southeast Asia Movement at Yale (SEAM at Yale) က ဂျာနယ်မှာ စာထည့်ထားတာ ပါလာပါပြီ🥰🥰။ စသိတဲ့ မနေ့ကနဲ့ ဒီနေ့တစ်မနက်လုံး သတိရတိုင်း သွားသွားဖွင့်ကြည့်နေပါတယ်🤣🤣။ 


အစတုန်းကတော့ ရေးလို့ ပို့ပြီး လှည့်ကို မကြည့် ပစ်ထားလိုက်ပေမဲ့ အခု ထွက်လာတဲ့အခါကျမှ အဆုံးသတ်ကို ပြောင်းချင်သလို ဘာလိုလို🤣🤣


ဘာပဲဖြစ်ဖြစ် အဲဒီ့အကြောင်းကတော့ ဒီတစ်လ နှစ်လမှာ ပြန်စဉ်းစားလို့ ပျော်လို့ ဆုံးမှာ မဟုတ်သေးပါဘူး။ တကယ်လို့ ရှင်တို့က ကျွန်မ ဒီလို လာလာကြွားတာကို အမြင်ကတ်တယ်ဆိုရင်တော့ ကျွန်မ များများထုတ်ဝေနိုင်အောင်သာ ကူညီပေးလိုက်ပါ။ အခါတစ်ရာလောက် ထုတ်ပြီးရင်တော့ ဒါမျိုးတွေက ထုံသွားပြီး တစ်ယောက်ယောက်က "ဟဲ့ နင့်စာ ဒီမှာ ပါလာတယ်" ဆိုရင်တောင် "အဲဒီတော့ ဘာဖြစ်?" ဆိုပြီး ချေနိုင်မှာ ဖြစ်ပါတယ်။ 😈😈😈


Comments