Featured post
- Get link
- X
- Other Apps
အခု The arrow and the song ကဗျာကို ဘာသာပြန်နေပါတယ်။
အရင် စကားပြေတွေ ပြန်တာက အဓိပ္ပာယ်ကို ခြုံငုံမိမယ်၊ သူ့ဟန်ကို ဟပ်မိရင် အဆင်ပြေပါတယ် (ကျွန်မအထင်)။ အဲဒါကလည်း သိပ်တော့ မခက်ပါဘူး။
ဒါပေမဲ့ ကဗျာကျတော့ ကာရန်ကိုက်တဲ့ အလုပ်တစ်ခု ပိုလာတော့ ပိုခေါင်းစားရပါတယ်။ သူ့အဓိပ္ပာယ်လည်း ထွက်ရမယ်၊ စာပိုဒ်ရေလည်း သူ့အတိုင်းဖြစ်ရမဲ့အပြင် ကာရန်ကလည်းညီပြီး ဆိုလို့ကောင်းရမယ်။ အဲဒါအပြင် ဘယ်အချိန်အပြီး လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တစ်ခု ပိုလာတဲ့အခါ ကျွန်မဦးနှောက်က ပေါက်ထွက်မတတ်ပါပဲ။ 😓😓
ကင်း ကြင်း ကျင်း ကွင်း ခင်း ခွင်း ခြင်း ချင်း ငင်း စင်း ဆင်း တင်း တွင်း ထင်း ထွင်း ဒင်း နင်း ပင်း ပြင်း ဖျင်း မင်း မြင်း ယင်း ယွင်း ရင်း လင်း ဝင်း သင်း ဟင်း အင်း
လောလောဆယ် အကြမ်းပြီးသလောက်ကို အောက်မှာ ချထားပေးပါတယ်။
The Arrow and the Song
I shot an arrow into the air,
It fell to earth, I knew not where;
For, so swiftly it flew, the sight
Could not follow it in its flight.
I breathed a song into the air,
It fell to earth, I knew not where;
For who has sight so keen and strong,
That it can follow the flight of song?
မြားနဲ့သီချင်း
မြားတစ်စင်းကို လေထဲပစ်ခွင်း
ကမ္ဘာမြေကိုကျ ဘယ်နေရာ ငါမသိအလျှင်း
မြန်စွာ ပျံသန်း၏ သူ့အဆင်း
လိုက်မမီနိုင်ဘိခြင်း
လေထဲဆိုညည်းလိုက်သောသီချင်း
ကမ္ဘာမြေကိုကျ ဘယ်နေရာ ငါမသိအလျှင်း
Comments
Post a Comment