Featured post
- Get link
- X
- Other Apps
ကျွန်မက အခု ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာ အထူးပြုယူထားတာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်၊ တက္ကသိုလ်လျှောက်ကြမယ်ဆိုတုန်းက အမေက ကွန်ပျူတာတက္ကသိုလ်လျှောက်ခိုင်းခဲ့ပါတယ်။ ကျွန်မလည်း အမေ့စကားနားထောင်ပြီး လျှောက်လွှာထဲ ထည့်ရေးခဲ့တာပေါ့။ (ဒါပေမဲ့ စိတ်ပညာကိုပဲ ရူးသွပ်နေတဲ့ ကျွန်မက ကိုယ်တက်ချင်ရာတက်ရဖို့ တိတ်တိတ်လေး ကျိတ်ပြီး ဆုတောင်းနေခဲ့ပါတယ်) အဲလိုနဲ့ တက္ကသိုလ်ရဲ့ Facebookစာမျက်နှာမှာကျွန်မ ဝင်ခွင့်ရကြောင်း ပါလာပါလေရော။ ဒါကို ကြိုသိတဲ့ ကျွန်မက အခန်းထဲမှာ တစ်ယောက်တည်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လို့ ကျိတ်ပျော်နေပြန်ပါတယ်။ "ဟာ ဘာလဲဟ။ စိတ်ပညာတက်ချင်တယ်ဆိုပြီး ကွန်ပျူတာတက်ခွင့်ရတာကို ပျော်သတဲ့လား"လို့ စောဒကတက်ရင်တော့ "ဟုတ်ပါတယ်။ ဘာလို့လဲဆို ကွန်ပျူတာတက္ကသိုလ်က နယ်မှာမို့ အိမ်နဲ့ခွဲပြီး အဆောင်နေရမှာဖြစ်တဲ့အတွက် ပျော်နေတာ"လို့ ပြန်ဖြေချင်ပါတယ်။
ရန်ကုန်မှာရော ကွန်ပျူတာတက္ကသိုလ် မရှိဘူးလားဆိုရင် ရှိတာပေါ့။ ကျွန်မအမှတ်က အရမ်းနည်းနေလို့ ဝင်ခွင့်မရနိုင်တာလေ🤣🤣။ ကျွန်မက ဒီလို ကြိုမြင်မိပါတယ်။ တကယ်လို့ ကွန်ပျူတာတက်ရမယ်ဆို စိတ်မဝင်စားပေမဲ့လည်း အိမ်မှာ မနေရဘူး (ကျွန်မက အိမ်တို့ မိသားစုတို့ကို အဲလောက် အစွဲအလမ်း မရှိပါဘူး။ တစ်ယောက်တည်းစွန့်စားရတာ ပိုကြိုက်ပါတယ်)၊ တကယ်လို့ "ဝေးတယ် စိတ်မချဘူး မလွှတ်ဘူး" ဆိုရင်တောင် ကျွန်မအမှတ်နဲ့ တင့်တောင့်တင့်တယ် တက္ကသိုလ်မှာ တက်ခွင့်ရဖို့ဆို ယူရမဲ့မေဂျာက စိတ်ပညာပဲ ရှိပါတယ် (အဲဒီတော့ ဘယ်လမ်းရွေးရွေး အိုကေပဲပေါ့ 😈) အမှန်ပြောရရင် ဒီလောက်တန်ဖိုးရှိတဲ့ ဘာသာရပ်က ဒီနိုင်ငံမှာ အမှိုက်စုတ်သာသာပဲ ရှိတာတော့ အင်မတန် စိတ်မကောင်းစရာပါပဲ။
anyway, ကျွန်မရဲ့ မိသားစုတွေ (အထူးသဖြင့် ဖခမည်းတော်)က ကျွန်မတို့ အဝေးကို လွှတ်ဖို့ကို အင်မတန်ကြောက်ရွံ့ပါတယ်။ ဒီတော့ စိတ်ပညာကို ပြောင်းလိုက်တယ်ဆိုပါတော့။
psychologyဆို ဘာကြောင့်မှန်းမသိ ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြတဲ့ သူတို့တတွေကတော့ ဤဖေကိုယ်ရဲ့ ထောင်ချောက်အောက်မှာ ပြားပြားဝပ်လို့ အရှုံးပေးလိုက်ရပါတကား။ ဟွင်းဟွင်း
Comments
Post a Comment