Featured post
- Get link
- X
- Other Apps
သင်တန်းမှာ နောက်ဆုံးprojectအနေနဲ့ ဝတ္ထုတို ၂ပုဒ်ရေးတင်ရမှာ ဖြစ်ပါတယ်။ စာလုံးရေကတော့ ၂,၀၀၀ က ၂,၅၀၀ ကြားဖြစ်ပါတယ်။ အစတုန်းက စက်ရုပ်ဇာတ်လမ်းကိုပဲ ဝတ္ထုတိုတစ်ပုဒ်ရယ် လျှပ်တပြက်ဝတ္ထုတို (flash fiction) ၅ပုဒ်လောက် တင်ရင်ကောင်းမလား စဉ်းစားပေမဲ့ အရင်တစ်ခေါက် တင်လိုက်တဲ့ kamikazeက အတော်ဆိုးရွားတာကြောင့် လူနားလည်အောင် ပြန်ပြင်ပြီး feedbackပြန်ယူဖို့ စဉ်းစားမိတာကြောင့် အဲဒါကိုပဲ ဖျက်လိုက် ပြင်လိုက် ပြန်ရေးလိုက်နဲ့ အလုပ်ရှုပ်နေမိပါတယ်။
ဒီတော့မှ နားလည်သွားတယ်။ ရုပ်ရှင်တွေထဲမှာ စာရေးဆရာဆိုတဲ့ ဇာတ်ကောင်တွေကို ပြရင် စာကြည့်စားပွဲမှာ စာရေးလိုက်၊ ရေးတဲ့စာရွက်တွေကို ဖြဲပစ် ဆုတ်ပစ် အမှိုက်ပုံးထဲ ထည့်လိုက်၊ နောက် စာရွက်အလွတ်မှာ အသစ်ပြန်ရေးလိုက်နဲ့ စိတ်မကျေမနပ်ဖြစ်နေတဲ့ပုံကိုပဲ ပြကြပါတယ်။ အစကတော့ သူတို့ စာရွက်တော်တော်ဖြုန်းလိုက်တာလို့ မြင်တာပေါ့။ အဲလောက်တောင် လိုလို့လားပေါ့၊ ဖျက်ပြီး အောက်က စာရွက်အလွတ်မှာ ရေးလို့ ရတာပဲပေါ့။ ကျွန်မ စာရေးတော့လည်း စာရွက်ချွေတာပြီး ကွန်ပျူတာမှာ ရေးတယ်၊ ကွန်ပျူတာမှာရေးတော့လည်း သူများတွေလည်း ဝင်ပြင်လို့ရအောင် google docsနဲ့ရေးတော့ carbon footprintနည်းအောင်ဆိုပြီး documentတစ်ခုတည်းမှာပဲ ဖျက်လိုက် ပြင်လိုက်နဲ့ လုပ်ပါတယ်။ ဒါပေမဲ့ လုံးဝအဆင်မပြေပါဘူး။ အရင်documentမှာရေးတော့ အဲဒီက ဇာတ်လမ်းအဟောင်းတွေကို ပြန်တွေးမိပြီး အသစ်ကို လုံးဝ စိတ်ထည့်လို့ မရတော့ပါဘူး။ အဲဒီတော့ အသစ်ဖွင့်ပြီး ရေးရတာပါပဲ။
အဲ. . ဇာတ်လမ်းရေးရတယ်ဆိုတာ အချို့သူတွေ ထင်သလို လွယ်ကူနေတာမျိုး မဟုတ်ပါဘူး။ "ကျွန်မက ဝတ္ထုရေးတယ်" ဆို "အမလေး စိတ်ကူးယဉ်ပြီး ပေါက်ကရလုပ်တာများ လွယ်လွယ်လေးပေါ့" ဆိုပြီး ထင်တတ်ကြပါတယ်။ အမှန်က ဇာတ်ကောင်ပြောတာ ယုတ္တိကျ/မကျ၊ ကိုယ်ပြောချင်တာ လူနားလည်/မလည်၊ အချိန်အဆက် ရှိ/မရှိ ထောင့်စေ့အောင် ခေါင်းခြောက်ရပါတယ်။ (အဲဒီမှာ ငါတော့ ဘာမှမလုပ်ဘဲ အပျင်းကလေးတစ်ပြီး စာရေးစားမယ် မှန်းမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ထုသတ်ချင်မိတော့တာပါပဲ)
အခုတော့ wonderland (kamikaze new version) က ပြီးသွားလို့ တစ်ပူတော့ ငြိမ်းသွားပါပြီ။ ဒါပေမဲ့ အနည်းဆုံး ၂ပုဒ်တင်ရမှာ ဖြစ်တဲ့အတွက် နောက်တစ်ခုက လုံးဝ မစရသေးတာမို့ လောင်မြိုက်နေပါသေးတယ်။ (ရင်ကို အေးမြစေတဲ့ မောင်လေးလည်း မကယ်နိုင်တော့ပါဘူး🥹🥹🥹)
လူကလည်း မျက်တွင်းဟောက်ပက်နဲ့ သရဲမကြီး ဖြစ်နေပါပြီ။ (ခေါင်းစုတ်ဖွားကတော့ အရင်ကတည်းက ဖွားခဲ့တာမို့ အထူးတလှယ် လုပ်မပြောတော့ပါဘူး) ဒါပါပဲ။
(update: နောက်ဆုံး အကြံမရတဲ့အတူတူ ရင်ကိုအေးမြစေတဲ့ မောင်လေးကိုပဲ ဇာတ်ကောင်လုပ်ပြီး ရေးပစ်လိုက်ပါတယ်။ အေးတာပဲ။ Crushဆိုတာ inspirationယူဖို့ပဲ မဟုတ်လား 😆😆)
- Get link
- X
- Other Apps
Comments
Post a Comment