Featured post

All about April

 Aprilလက တော်တော်အလုပ်များတဲ့ လပါ။ သင်္ကြန်တွင်းဆို ရုံးပိတ်ကြ၊ ကျောင်းပိတ်ကြနဲ့ လူတွေ နားရပေမဲ့ ကျွန်မကတော့ မနားရပါဘူး။ သင်္ကြန်မတိုင်ခင်ကလေးကမှ အလုပ်တစ်ခုရလို့ အဲဒါကို ကြိုးစားပမ်းစား လုပ်နေရပါတယ်။ 


အလုပ်ကတော့ ဘာသာပြန်ပေးပြီး စာရှင်းပြပေးတာဖြစ်ပါတယ်။ ကျွန်မကလည်း လူတစ်မျိုးပဲ။ အလုပ်မရှိတုန်းကကျတော့ အမျိုးစုံ ရှာဖွေနေပြီး အခု လုပ်ပါတော့ ဆိုတဲ့အခါကျ စိတ်လေပြီး ဒီမှာ လာအချိန်ဖြုန်းနေပါတယ်။ 😑


ပြီတော့ ခေါင်းထဲမှာလည်း ဇာတ်လမ်းအမျိုးစုံက ချရေးဖို့ ကခုန်နေကြပါတယ်။ သူတို့ကလည်း ဘာလဲ?? ရေးဖို့ အချိန်မရှိဘူးဆိုမှ အလုအယက် ပေါ်လာကြပါတယ်။ ၁၀တန်းတုန်းကလိုပေါ့။ အဲဒီတုန်းကလည်း စာကျက်ရမဲ့အချိန်မှာ စာမကျက်ဘဲ ကဗျာတွေပဲ ထိုင်ရေးနေခဲ့တာ။ ပြောရမယ်ဆို အဲဒီနှစ်တုန်းက ကဗျာအရေးဆုံးနှစ်လို့ ပြောနိုင်ပါတယ်။ တက္ကသိုလ် first yearလောက်အထိ စပ်ဖြစ်သေးပါရဲ့။ နောက်ပိုင်းကျ အဲလောက် ဉာဏ်သိပ်မထွက်တော့ဘူး။ 

***

Aprilလက အတော်ပူပါတယ်။ အလူပ်မပြီးသေးလို့ လောင်နေရတာမှာ ရာသီဥတုကလည်း မီးကင်ထားသလိုပါပဲ။ သူများတွေအိမ်ထက် ကျွန်မတို့အိမ်က ပိုပူပါတယ်။ sunshadeလည်း မရှိ၊ လိုက်ကာလည်း ကောင်းကောင်းမရှိ၊ အေးအေးလူလူ အိပ်စရာနေရာလည်း မရှိ။ (ဘောင်ဘောင်တစ်ယောက် ဘာတွေများ တွေးပြီး ဘယ်လိုနေလဲ လုံးဝ စဉ်းစားလို့ လိုက်မမီနိုင်ပါဘူး) ဒီတစ်လမှာ ယပ်ခပ်ရတာဟာ ကျန်၁၁လ ခပ်ရတာထက် အကြိမ်ရေ ပိုပါတယ်။ 

***


ဒီတစ်လမှာ ရုပ်ဆိုးဆိုး ငှက်ပျောသီးမှိုတစ်ပွင့် ရလိုက်ပါသေးတယ်။ ယောက်ျားတွေက ဘာတွေလဲ?? ကျွန်မ လုံးဝ နားမလည်ပါဘူး။ ဘာတွေလဲ?? ငြင်းနေရင် နောက်ဆုတ်ရုံပေါ့။ အဲဒါကို "အမြင်တွေပြောင်းသွားမယ်၊ နင် လွတ်မြောက်ဖို့ လိုနေပြီ" ဆိုတာတွေက ဘာတွေလဲ?? စူပါမန်းလုပ်ချင်ကြတာလား။ ရှင်တို့ ဒီလိုလုပ်လိုက်လို့ မိန်းမတွေ လွတ်မြောက်သွားမယ်လို့ တကယ်ထင်နေတာဆိုရင်တော့ စိတ်ရောဂါဆေးရုံကို သွားကြပါလို့ အကြံပေးပါရစေ။



Comments