Featured post
- Get link
- X
- Other Apps
ကျွန်မ ဂျပန်စာသင်ပြီး ၂လအကြာလောက်ထိ ဂျပန်သီချင်း နားမထောင်သေးပါဘူး။ သူများတွေ demon slayerကြည့်ပြီး Gurenge နားထောင်ကြလည်း ကျွန်မက နားမထောင်သေးပါဘူး။ အဲ... season 2ကြည့်တော့မှ အဖွင့်သီချင်းကို တော်တော်လေး ကြွေသွားတာပါ။ အဲဒီကနေစလို့ ကျွန်မရဲ့ youtube playlistကြီးတစ်ခုလုံးကို ဂျပန်သီချင်းတွေက တဖြည်းဖြည်း နေရာယူလာပါတော့တယ်။
အဖွင့်သီချင်းကတော့ Zankyosankaဖြစ်ပြီး ဆိုတဲ့သူကတော့ Aimerပဲဖြစ်ပါတယ်။
စစချင်း သတိထားမိတာကတော့ မီးရှူးမီးပန်းတွေ ဖြစ်ပါတယ်။ ပြီးတော့ စစချင်း ဝင်လာတဲ့ တီးလုံးဖြစ်ပါတယ်။ နောက်ဆုံး နားမထောင်ရ မနေနိုင်ဖြစ်စေတာကတော့ သီချင်းရဲ့ vibeပါပဲ။ ဘယ်လိုပြောရမလဲ. . ဖလန်း ဖလန်းနဲ့ စာရေးလို့ အရမ်းကောင်းပါတယ်။
နောက်တစ်ပုဒ်ကတော့ အဆုံးသတ်သီချင်း asa ga kuruပါ။ သင်တန်းမှာက asaကိုလည်း သင်ထားပြီး၊ kuruကိုလည်း သင်ထားပြီးတော့ "မနက်ခင်းလာပြီ" ဆိုပြီး ကိုယ့်ဘာသာကိုယ် ဘာသာပြန်ပြီး ဟုတ်နေရောပေါ့။ 😆😆
အဲဒီအထိက Aimerကို သိပ်သတိမထားမိသေးပါဘူး။ သူ့သီချင်းတွေ ဆက်နားထောင်ချင်သွားအောင် ဖြစ်သွားတာက zankyosankaကို The First Takeမှာ နားထောင်လိုက်မိတာကြောင့်ပါပဲ။ ဂျပန်သီချင်းကြိုက်တဲ့သူတွေကို The First Takeကို သိကြလိမ့်မယ်လို့တော့ ထင်ပါတယ်။ သူ့ဆီမှာ အဆိုတော်တွေရဲ့ live performanceတွေ အများကြီး ရှိပါတယ်။ စတူဒီယိုမှာဆိုတာဆိုတော့ လူအုပ်တွေ သိပ်မကြိုက်တဲ့ ကျွန်မအတွက် တော်တော်အဆင်ပြေပါတယ်။ anyway, Aimerရဲ့ live performance က top notchပါပဲ။ (သူ့အသံကို တီးလုံးတွေ ဖုံးမနေဘဲ သေသေချာချာလေး ကြားရတာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။ မူရင်း သီချင်းကို ကျွန်မရဲ့ တစ်တန်းတပည့်ကလေးကို နားထောင်ခိုင်းကြည့်တော့ သူက ဆူညံလိုက်တာတဲ့လေ🥹)
အဲလိုနဲ့ သူ့သီချင်းတွေ လိုက်နားထောင်ဖြစ်သွားပါတော့တယ်။ 🤔🤔 အကြိုက်ဆုံးတစ်ပုဒ်ကိုပြောပါဆို Wavy flowကို ပြောရမယ်ထင်တယ်။
နောက်ဆုံးထွက်ထားတဲ့ escalateလည်း အရမ်းမိုက်ပါတယ် 😃🤩
Comments
Post a Comment