Featured post

I'm never writing a horror story again (Kamikaze reflection 2)

 ကျွန်မ စိတ်ညစ်ရင် စာရေးပါတယ်။ များသောအားဖြင့်တော့ ရယ်စရာတွေ ကြံဖန်ပြီးရေးပေမဲ့ ဟိုတလောကတော့ လူက တော်တော်ဘူနေတာကြောင့် kamikazeကို ရေးပါတယ်။ အဲဒီတုန်းကတော့ တစ်နေ့လည်ခင်းရေးပြီး assignmentတင်လိုက်တာပဲ။ ညနေရောက်လို့ သူများပြကြည့်၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဖတ်ကြည့်တော့မှ ဘာတွေပြောချင်မှန်းကို လုံးဝ နားမလည်လို့ ပြင်ရင်းဆင်ရင်းနဲ့ deadline ကျော်သွားပါရောလား😬😬


နောက်ဆုံး projectအတွက်က အဲဒီမှာပါတဲ့ ကလေးသူငယ်ကို လိင်အမြတ်ထုတ်တာ လက်စားပြန်ချေတာက မဆိုးဘူးဆိုပြီး plot holesတွေ ပြန်ပြင်ပြီး ထပ်တင်ဖို့ ကြိုးစားနေပါတယ်။ 


အဲ. .  လုပ်ရင်းလုပ်ရင်းနဲ့ တစ်ခုသိလာရတာ ရှိပါတယ်။ ကျွန်မက horrorရေးတာ လုံးဝမကောင်းဘူး ဆိုတာပါပဲ။ အရင်ဟာသဇာတ်လမ်းတွေရေးတုန်းကဆို တစ်လုံးရေးလိုက် တစ်မိနစ်လောက် ကိုယ့်ဟာကိုယ် ပြန်ရယ်လိုက်နဲ့ စိတ်ချမ်းသာနေရော။ အခုက သမီးက အမေကို ပြန်သတ်တာဆိုတော့ ဘာကြောင့်ပြန်သတ်တာလဲဆိုတာ သေချာအောင် ထည့်ရဦးမယ်၊ အသက်ကလည်း ၈၀ရှိပြီဆိုတော့ အနှစ်၆၀လောက် မျိုသိပ်လာခဲ့တဲ့ ဒေါသတွေကို ဖော်ပြရဦးမယ်၊ အဲလိုနဲ့ တင်းသထက်တင်း ဇာတ်ရှိန်တက်သထက်တက်လာတဲ့အချိန်မှ ပေါက်ကွဲမှုတစ်ခု ဖြစ်ရပါဦးမယ်။ ရေးရင်း ရေးရင်းနဲ့ လူက အတော်ကို အကုသိုလ်ပွားရပါတယ်။ 


အမလေးလေ stephen kingတို့တော့ ဘယ်လိုများ ရေးနိုင်ကြလဲမသိ။ တော်ပြီ ဒါပြီးရင် ရယ်စရာလေးတွေပဲ ပြန်လှည့်ပါတော့မယ်။ 

Comments